တပ်မတော် (ကြည်း)
မြေပြင်အခြေစိုက် မြန်မာ့တပ်မတော်၏တပ်ဖွဲ့ခွဲ / From Wikipedia, the free encyclopedia
တပ်မတော် (ကြည်း) သည် မြန်မာ့တပ်မတော်၏ မြေပြင်အခြေစိုက် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်ပြီး အင်အားအကြီးမားဆုံး နှင့် အဓိကကာကွယ်ရေးတာဝန် ထမ်းဆောင်နေသော တပ်ဖွဲ့ ဖြစ်သည်။ ထို့ပြင် အရှေ့တောင်အာရှ၌ ဗီယက်နမ်တပ်မတော် ပြီးလျှင် စစ်သည်အင်အား ဒုတိယအများဆုံးဖြစ်သည်။
တပ်မတော် (ကြည်း) | |
---|---|
ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) လက်မောင်းတံဆိပ် | |
တည်ထောင် | ၂၇ မတ် ၁၉၄၅ (၇၉ နှစ် အကြာက) (၁၉၄၅-၀၃-27) |
သစ္စာခံ | မြန်မာ |
တပ်မတော် အမျိုးအစား | ကြည်းတပ် |
အခန်းကဏ္ဍ | မြေပြင်စစ်ဆင်မှုဆိုင်ရာ၊ မြေပြင်သိမ်းပိုက်မှု (အဆုံးအဖြတ် တိုက်ပွဲ) |
တပ် အရွယ်အစား | ၅၀၇၀၀၀ |
အစိတ်အပိုင်း | တပ်မတော် |
ကာကွယ်ရေး ဦးစီးချုပ်ရုံး(ကြည်း) | စစ်ရုံး၊ နေပြည်တော် ပြည်ထောင်စုနယ်မြေ |
အမည်ပြောင် | အာမီ |
ဆောင်ပုဒ် |
|
အရောင်များ | သံလွင်စိမ်း၊ အစိမ်းနု၊ အနီ။ |
နှစ်ပတ်လည်များ | မတ်လ ၂၇ ရက် |
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် / ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
ကာကွယ်ရေးဝန်ကြီး | ဗိုလ်ချုပ်ကြီး မြထွန်းဦး |
ထင်ရှားသော အုပ်ချုပ်သူများ | |
အဆောင်အယောင်များ | |
ကြည်းတပ် အလံတော် | |
ခြေလျင်/ခြေမြန်တပ်ဖွဲ့ လက်မောင်းတံဆိပ် |
ကြည်းတပ်တွင် စစ်သည်အင်အား (၄၉၂၀၀၀)ဦး ဝန်းကျင်ရှိသည်။ တပ်မတော်(ကြည်း)သည် ၁၉၄၈ ခုနှစ် မှစ၍ ရောင်စုံသောင်းကျန်းသူများ နှင့် ခက်ခဲသော တောတောင်များအကြား ကြာရှည်စွာ ပြည်တွင်းစစ်ဆင်ခဲ့ရပြီး အတွေ့အကြုံများ၍ ရင့်ကျက်သည်။ ထို့အပြင် ပြည်ပမှတရုတ်ဖြူ(ကူမင်တန်)တို့၏ကျူးကျော်မှုကိုလည်း အောင်မြင်စွာတွန်းလှန်နိုင်ခဲ့သော တပ်မတော် ဖြစ်သည်။
တပ်မတော်(ကြည်း)ကို ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) မှ ကွပ်ကဲအုပ်ချုပ်ပြီး လက်ရှိတာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဖြစ်သည်။ ၎င်း တပ်မတော်(ကြည်း)၏ အမြင့်ဆုံးရာထူးသည် အနောက်နိုင်ငံများမှ Field Marshal နှင့် တူညီသည်။ စစ်အသုံးစရိတ်သည် တစ်နှစ်လျှင် ၂.၀၇ ဘီလီယံ ဖြစ်သည်။ [1]