တင်ကျီးဥပန်း
ငှက်မျိုးစိတ်များ / From Wikipedia, the free encyclopedia
ဥပန်းငှက်သည် တင်ကျီးငှက်မျိုးတွင် ပါဝင်သည်။ ဥပန်းငှက်ကို အန်ဟင်ဂါ မြွေငှက်၊ အမေရိကန် ဥပန်းငှက်၊ ရေကြက်ဆင်ဟု ခေါ်ကြပြီး ရေနေပျော်ငှက် တစ်မျိုးဖြစ်ကာ အမေရိကားတိုက် ပူနွေးသောဒေသများတွင် ကျက်စားနေထိုင်ကြသည်။ အန်ဟင်ဂါဆိုသော စကားလုံးသည် ဘရာဇီးလူမျိုး၊ တူပီဘာသာစကားမှ လာပြီး မကောင်းဆိုးဝါးငှက် (သို့) မြွေငှက်ဟု အဓိပ္ပာယ်ရသည်။
အချက်တိုများ တင်ကျီးဥပန်း, ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
တင်ကျီးဥပန်း | |
---|---|
Sunning on a perch | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Suliformes |
မျိုးရင်း: | Anhingidae |
မျိုးစု: | Anhinga |
မျိုးစိတ်: | A. melanogaster |
ဒွိနာမ | |
Anhinga melanogaster | |
နေထိုင်ကျက်စားရာ ဒေသများပြ မြေပုံ | |
Synonyms | |
Plotus melanogaster |
ပိတ်ရန်
ကိုယ် အလျားမှာ သုံးပေရှိ၍ ရှည်လျား ပြီးလျှင် မြွေကဲ့သို့ တွန့်လိပ်လှုပ်ရှားနိုင်သောလည်တံရှိသည်။ နှုတ်သီးမှာ လှံနှင့်တူသည်။ ဥပန်းငှက်၏ မေး၊ လည်ချောင်းနှင့် ရင်ပတ်တို့သည် ဖြူနေသဖြင့် အခြားတင်ကြီး ငှက်များ နှင့် မမှားနိုင်ချေ။