ဇီဝဇိုးငှက်
From Wikipedia, the free encyclopedia
ဇီဝဇိုးငှက် (Grey-rumped Swiftlet ) သည် မျိုးစဉ်အားဖြင့် 'အပေါ့ဒီဖေါမီး (Apodiforme)' တွင်၎င်း၊ မျိုးရင်းအားဖြင့် 'ခက်တူးရီနီး' တွင်၎င်း ပါဝင်၍ ယင်းကို သိပ္ပံ အမည်အားဖြင့် 'ကောလိုကေးလီယား ဂျာမယ်နီ' ဟု ခေါ်သည်။ ဇီဝဇိုးငှက်သည် ပြင်ပန်းပုံသဏ္ဌာန်အားဖြင့် ပျံလွှားငှက်နှင့် အနည်းငယ်တူသော်လည်း၊ မျိုးစဉ်အားဖြင့် ကွဲပြားသည်။ ဇီဝဇိုး ငှက်ကို အဝေးမှတွေ့မြင်ရလျှင် ပျံလွှားငှက်နှင့် ရုတ်တရက်ခွဲ ခြား၍ မရနိုင်ချေ။ သို့သော် အမွေးထူသော ခြေမျက်ရိုးကို၎င်း၊ အရွယ်ပို၍ကြီးသော တောင်ပံကို၎င်း ကြည့်ရှုခြင်းဖြင့် ဇီဝဇိုး ငှက်ကို ပျံလွှားငှက်နှင့် ခွဲခြား၍သိရှိနိုင်သည်။
ဇီဝဇိုးငှက် | |
---|---|
Aerodramus fuciphagus. Museum specimen | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Apodiformes |
မျိုးရင်း: | Apodidae |
မျိုးစု: | Aerodramus |
မျိုးစိတ်: | A. fuciphagus |
ဒွိနာမ | |
Aerodramus fuciphagus (Thunberg, 1812) | |
Synonyms | |
Collocalia fuciphaga |
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/1/11/AerodramusFuciphagusDistribution.png/320px-AerodramusFuciphagusDistribution.png)
ဇီဝဇိုးငှက်သည် အသိုက်ကို မိမိအန်ဖတ်ဖြင့် ပြုလုပ်လေ့ရှိ သည်။ ထိုအသိုက်ကို ငှက်သိုက်ဟု ခေါ်ကြသည်။
ဇီဝဇိုးငှက်သည် အသိုက်ကို ဂူနံရံများ၊ ကျောက်ဆောင် မြင့်များတွင် ဆောက်တတ်သည်။ အသိုက်၏အရွယ်မှာ ကန့် လန့်ဖြတ်အားဖြင့် ၂ လက်မမှ ၃ လက်မထိရှိ၍၊ စောက် ၁ လက်မရှိသည်။ ဥအုချိန်မှာ ဧပြီလလယ်လောက်တွင် ဖြစ်သည်။ တစ်မြုံလျှင် ဥနှစ်လုံးစီရှိသည်။
ဇီဝဇိုးငှက်ကို အပူပိုင်းဒေသများတွင် အထူးသဖြင့် ကျွန်းစု နှင့် ပင်လယ်ကမ်းရိုးတန်းများ၌ အနှံ့အပြားတွေ့ရသည်။ ဆေးရှဲ ကျွန်းစုနှင့် မောရစ်ရှကျွန်းစုမှ ကွင်းစလန်အထိပျံ့နှံ့စွာနေသည်။ ပုသိမ်အနောက်ဘက် ကမ်းခြေအလွန်ရှိ ကျွန်းများတွင်၎င်း၊ တနင်္သာရီကမ်းခြေနှင့် မြိတ်ကျွန်းစုတို့တွင်၎င်း ဇီဝဇိုးငှက်တို့ကို တွေ့ရသည်။[1]
ဇီဝဇိုးငှက်သည် ပျံလွှားငှက်မျိုးတွင် ပါဝင်၏။ သူသည် ပင်လယ်အဏ္ဏဝါအနှံ့၊ တောတောင်အနှံ့ ပျံသန်းကာ သူနားရာ ကျောက်ဆောင်သို့ ပြန်လာ၏။ သူ၏အသိုက်အား သူတစ်ပါးတို့ကဲ့သို့ သစ်ကိုင်း၊ သစ်ရွက်တို့နှင့်မလုပ်၊ အာခေါင်၌ဖြစ်သော အာစေးကို အန်ထုတ် အသိုက်ပြု၏။ တစ်ခါတစ်ရံ အန်ရလွန်း၍ ထိုအာစေးတွင် ရင်မှသွေးပင်ပါ၍ လာတတ်သည်။ ဇီဝဇိုးငှက်သည် ကောင်းကင်မှ တိမ်ညွှန့်ကိုစားသည်ဟု ဆိုကြသည်။ ထိုငှက်သိုက်ကို စားသုံးရသူ လူသားတို့အဖို့ အင်အားပြည့်စုံကာ ရသာထူးနှင့် ပြည့်စုံလှ၏။