![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/67/HR-diag-no-text-2.svg/langmy-640px-HR-diag-no-text-2.svg.png&w=640&q=50)
ဆူပါ ဧရာမကြယ်နီ
ဧရာမကြယ်တောက်ပမှုရှိ ကြယ်များ / From Wikipedia, the free encyclopedia
ဆူပါ ဧရာမကြယ်နီ (Red supergiant) ဆိုသည်မှာ ရောင်စဉ်ခွဲခြားမှုအဆင့် K သို့မဟုတ် M အမျိုးအစား ဧရာမ ကြယ်တမျိုးဖြစ်သည်။ ယင်းကြယ်တို့သည် စကြဝဠာတွင် အတောက်ပဆုံးကြယ်များ မဟုတ်ကြသော်လည်း ထုထည် (volume) အားဖြင့် အကြီးမားဆုံး ကြယ်များဖြစ်ကြသည်။ မျက်နှာပြင်အပူချိန် ၄၁၀၀ ကယ်လဗင်အောက်ရှိကြပြီး[1] နေ၏အချင်းဝက်ထက် ရာဂဏန်းမှ ထောင်ဂဏန်းအထိ ပိုမိုကြီးမားကြသည်။ ဆူပါ ဧရာမကြယ်နီများသည် နေဒြပ်ထု ၁၀ M☉ နှင့် ၄၀ M☉ ကြားတွင် ရှိကြသည်။ အန်တာရစ် နှင့် ဘီတယ်ဂျူးစ်ကြယ်တို့သည် ဆူပါ ဧရာမကြယ်နီအတွက် အကောင်းဆုံး နမူနာပင်ဖြစ်သည်။