ဆိုင်ကလုန်းကိုမင်
From Wikipedia, the free encyclopedia
ဆိုင်ကလုန်းကိုမင် သည် သမားရိုးကျမဟုတ်သည့် အပူပိုင်းမုန်တိုင်းတစ်ခု ဖြစ်သည်။ ၎င်းသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ တောင်ဘက်ပိုင်းကမ်းရိုးတန်းတွင် စတင်ခဲ့သည်။ နောက်ပိုင်းတွင် ဘင်္ဂလားပင်လယ်အော်တွင် တည်ရှိနေသည့် နိုင်ငံများကို တိုက်ခတ်ခဲ့သည်။ ၂၀၁၅ ခုနှစ် မုန်တိုင်းရာသီတွင် တိုက်ခတ်ခဲ့သည့် ဒုတိယမြောက်အမည်ပေးခံရသည့် မုန်တိုင်းဖြစ်သည်။ မုန်တိုင်းကိုမင်ကြောင့် မြန်မာနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယတို့တွင် မိုးများသည်းထန်စွာ ရက်ရှည်ရွာသွန်းခဲ့သည်။ Ganges delta ပေါ်တွင် ဇူလိုင်လ ၂၆ ရက်နေ့၌ လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်ခဲ့သည်။ ၎င်းသည် စက်ဝိုင်းပုံစံ ရွေ့လျားမှုဖြင့် ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းပတ်လည်တွင် ရွေ့လျားနေခဲ့သည်။ ကိုမင်သည် လေတိုက်နှုန်း 75 km/h (တစ်နာရီလျှင် ၄၅ မိုင်နှုန်း) ဖြင့် ပိုမိုအင်းအားပြင်းထန်လာခဲ့သည်။ ဇူလိုင်လ ၃၀ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်၏ အရှေ့တောင်ဘက်ပိုင်း ကမ်းရိုးတန်းသို့ စတင်ဝင်ရောက်လာခဲ့သည်။ ကုန်းမြေပေါ်သို့ ရောက်သည့်အခါတွင် မုန်တိုင်းသည် အနောက်ဘက်သို့ လားရာပြောင်းသွားပြီး နောက်ဆုံးအနေဖြင့် အိန္ဒိယနိုင်ငံအရှေ့ဘက်ပိုင်းကို ဩဂုတ်လ ၂ ရက်နေ့၌ ဖြတ်သန်းတိုက်ခတ်ခဲ့သည်။
ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး) | |
---|---|
အပူပိုင်း မုန်တိုင်း (JTWC စကေး) | |
Komen approaching the Bangladeshi coast on July 30 | |
ဖြစ်ပေါ်ခြင်း | July 26, 2015 |
ကွယ်ပျောက်ခြင်း | August 2, 2015 |
အမြင့်ဆုံးလေတိုက်နှုန်း | 3-minute sustained: တစ်နာရီ ၇၅ ကီလိုမီတာနှုန်း (တစ်နာရီ ၄၅ မိုင်နှုန်း) 1-minute sustained: ၈၅ ကီလိုမီတာနှုန်း (တစ်နာရီ ၅၀ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၈၆ mbar (hPa)၊ ၂၉.၁၂ inHg |
အသေအပျောက် | 187–280 (including unrelated flooding) |
ပျက်စီးမှု | $2 ဘီလီယံ (2015 USD) |
သက်ရောက်သည့် ဧရိယာ | Myanmar, Bangladesh, India |
2015 North Indian Ocean cyclone season ၏ အစိတ်အပိုင်း | |
မုန်တိုင်းဖြတ်သွားရာတစ်လျှောက်တွင် ကိုမင်သည် မိုးရွာသွန်းမှုများ ဖြစ်ပေါ်စေခဲ့သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အနောက်မြောက်ဘက် တွင် ရွာသွန်းခဲ့ကာ ပလက်ဝမြို့တွင် မိုးရေချိန်စုစုပေါင်းသည် ၈၄၀ မီလီမီတာ (၃၃ လက်မ) ရှိခဲ့သည်။ မိုးရွာသွန်းမှုသည် ရေနစ်မြုပ်မှုများကို ဖြစ်ပေါ်စေခဲ့ပြီး ၎င်းသည် နိုင်ငံ၌ ရာစုနှစ်တစ်ခုအတွင်း အဆိုးရွားဆုံး ရေနစ်မြုပ်မှု ဖြစ်ခဲ့သည်။ လူပေါင်း ၁.၇ သန်းခန့်သည် နေရာပြောင်းရွှေ့ခဲ့ရသည်။ ရေများသည်လည်း အိမ်များ၏ ခေါင်မိုးများသို့တိုင် ရောက်ရှိခဲ့သည်။ နိုင်ငံရှိ အိမ်ပေါင်း ၅၁၀၀၀၀ လုံးခန့်သည် ပျက်စီးခဲ့ရသည်။ လယ်ကွင်းများသည်လည်း ၆၆၇၂၂၁ ဧက (၂၇၀၀၀၀ ဟက်တာ) ပျက်စီးခဲ့ရသည့်အတွက် ဒေသခံနေထိုင်သူများ၏ ဝင်ငွေများလည်း ပျောက်ဆုံးခဲ့ရသည်။ ရေကြီးမှုကြောင့် လူပေါင်း ၁၃၂ ဦးသေဆုံးခဲ့ရပြီး ထိုအထဲမှ ၃၉ ဦးတို့သည် မုန်တိုင်းကိုမင်နှင့် တိုက်ရိုက်ဆက်စပ်ကာ သေဆုံးခဲ့ရသူများ ဖြစ်သည်။ အစိုးရသည် နိုင်ငံတကာအဖွံအစည်းများသို့ အကူအညီများ ရရှိနိုင်ရန် မေတ္တာရပ်ခံခဲ့သည်။ ဤမုန်တိုင်းသည် ၂၀၀၈ ခုနှစ် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းပြီးသွားပါက နိုင်ငံတွင် အဆိုးရွားဆုံး မုန်တိုင်းတစ်ခု ဖြစ်ခဲ့သည်။ ဘင်္ဂလားဒေ့ရှ်တွင်လည်း မုန်တိုင်းကြောင့် ရေနစ်မြုပ်မှုသည် အိမ်ပေါင်း ၈၈၉၀၀ လုံးကို ပျက်စီးခဲ့သည်။ သီးနှံစိုက်လယ်ကွင်းများသည်လည်း တစ်ပတ်ကြာ ရေနစ်မြုပ်ခဲ့သည်။ ကိုမင်ကြောင့် လူပေါင်း ၄၅ ဦး သေဆုံးခဲ့ရသည်။ ထိုအထဲမှ လူအချို့သည် မုန်တိုင်းတိုက်ခတ်သဖြင့် နာမကျန်းဖြစ်ကာ သေဆုံးခဲ့ရသူများ ဖြစ်သည်။ နောက်ပိုင်းတွင် ရေနစ်မြုပ်မှုများသည် အိန္ဒိယနိုင်ငံအရှေ့တောင်ပိုင်းတွင်ပါ ဖြစ်ပွားခဲ့ပြီး လူပေါင်း ၁၀၃ ဦး သေဆုံး၍ အိမ်ပေါင်း ၄၇၆၀၄၆ လုံး ပျက်စီးဆုံးရှုံးခဲ့ရသည်။