စွယ်တော်ကျောင်းတော်
သီရိလင်္ကာနိုင်ငံရှိ ဗုဒ္ဓသွားဓာတ်တော်ရှိရာ ဗုဒ္ဓကျောင်းတော် / From Wikipedia, the free encyclopedia
သီရိဒလဒမလိဂဝ သို့မဟုတ် သွားဓာတ်တော်ကျောင်းတော် သည် သီရိလင်္ကာနိုင်ငံ၊ ကန်ဒီမြို့တွင် တည်ရှိသည့် ဗုဒ္ဓဘာသာကျောင်းတော်တစ်ခု ဖြစ်သည်။ ၎င်းသည် ကန်ဒီမင်း၏ ယခင်နန်းတော်နေရာတွင် တည်ရှိသည်။ ၎င်းနန်းတော်တွင် ဗုဒ္ဓ၏ သွားဓာတ်တော်များသည် စံပယ်လျက်ရှိသည်။ ရှေးအခါများက ဓာတ်တော်သည် ဒေသတွင်းနိုင်ငံရေးအခန်ကဏ္ဍတွင် အရေးပါသည့်နေရာမှ ပါဝင်ခဲ့သည်။ အဘယ်ကြောင့်နည်းဟူမူ ဓာတ်တော်ကို ပိုင်ဆိုင်ထားသူတိုင်းသည် နိုင်ငံတော်၏ အာဏာကို ရရှိကြသည်ဟု ယုံကြည်ကြသည့်အတွက် ဖြစ်သည်။ ကန်ဒီသည် သီရိလင်္ကာဘုရင်များ၏ နောက်ဆုံးမြို့တော်ြဖစ်ပြီး အထူးသဖြင့် ကျောင်းတော်တည်ရှိသဖြင့် ကမ္ဘာ့အမွေအနှစ်နေရာလည်း ဖြစ်သည်။
Temple of the Sacred Tooth Relic | |
---|---|
தலதா மாளிகை | |
Temple of the Sacred Tooth Relic, a World Heritage Site in Kandy | |
အချက်အလက်များ | |
တည်နေရာ | Kandy |
ကိုဩဒိနိတ် | 7°17′38″N 80°38′19″E |
ဘာသာရေး နှီးနွယ်မှု | Buddhism |
နိုင်ငံ | Sri Lanka |
ဝက်ဘ်ဆိုဒ် | http://www.sridaladamaligawa.lk |
ဗိသုကာ | |
တည်ထောင်သူ | Vimaladharmasuriya I of Kandy |
ပြီးစီး | 1595 |
အမျိုးအစား | Cultural |
ရွေးချယ်သည့်စံနှုန်း | (iv)(vi) |
ရွေးချယ်ခြင်း | 1988 |
ရည်ညွှန်းနံပါတ် | 450 |
ဘိက္ခုရဟန်းနှစ်ပါးဖြစ်ကြသည့် Malwatte နှင့် Asgiriya တို့သည် ကျောင်းတော်၏ အတွင်းဘက်အခန်း၌ နေ့စဉ်နေ့တိုင်း ဝတ်ပြုမှုများ လုပ်ဆောင်ကြသည်။ မိုးသောက်ချိန်၊ မွန်းတည့်ချိန်နှင့် ညနေ စသည့်ဖြင့် တစ်နေ့လျှင် သုံးကြိမ်ကျ အမြဲတမ်း ဝတ်ပြုများလုပ်ဆောင်ကြသည်။ ဗုဒ္ဓဟူးနေ့တွင် သွားဓာတ်တော်ကို သန့်ရှင်းဆေးကြောမှုများ လုပ်ဆောင်ကြသည်။ ထိုသို့ ဆေးကြောရာတွင် Nanumura Mangallaya ဟု ခေါ်ကြသည့် သန့်ရှင်းမွှေးကြိုင်သည့် ရေနှင့်ပန်းများမှ ပြုလုပ်ထားသည့် ဆေးဖက်ဝင်သည့်အရာဖြင့် ပြုလုပ်ကြသည်။ ထိုမွန်မြတ်သန့်စင်သည့်ရေသည် အစွမ်းထက်မြတ်သည်ဟု ယုံကြည်ကြပြီး ထိုအချိန်တွင် ထိုရေကို မျှဝေပေးသည်။
ကျောင်းတော်သည် ၁၉၈၉ ခုနှစ်တွင် Janatha Vimukthi Peramuna တို့၏ ဗုံးခွဲမှုနှင့် ၁၉၉၈ ခုနှစ်တွင် Liberation Tigers of Tamil Eelam တို့၏ ဗုံးခွဲမှုများကို ကို တွေ့ကြုံခံစားခဲ့ရသည်။ သို့သော်လည်း ဗုံးခွဲမှုဖြစ်သည့်အခါတိုင်းတွင် ကျောင်းတော်ကို အပြည့်အဝ ပြုပြင်မွမ်းမံနိုင်ခဲ့သည်။[1]