![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/b0/Haliastur_indus_-Karratha%252C_Pilbara%252C_Western_Australia%252C_Australia-8_%25281%2529.jpg/640px-Haliastur_indus_-Karratha%252C_Pilbara%252C_Western_Australia%252C_Australia-8_%25281%2529.jpg&w=640&q=50)
စွန်ခေါင်းဖြူ
From Wikipedia, the free encyclopedia
စွန်ခေါင်းဖြူ (ဝါ) ဗြာဟ္မဏီ စွန် (Brahminy Kite) သည် အလယ်အလတ် အရွယ်အစားရှိသော သားရဲငှက် ဖြစ်သည်။ ပါဏဗေဒ အမည်မှာ ဟာလီယတ်စတာ အင်းဒတ်စ် (Haliastur indus) ဖြစ်သည်။ အိန္ဒိယကျွန်းဆွယ်၊ အရှေ့တောင်အာရှနှင့် ဩစတြေးလျဒေသတို့တွင် တွေ့ရသည်။ ပင်လယ်ကမ်းရိုးတန်းနှင့် ကုန်းတွင်းပိုင်းဒေသရှိ စိမ့်တောများတွင် အများဆုံးကျက်စားသည်။ ငါးအသေကောင်များနှင့် အခြားသားကောင်များကို စားသည်။ အရွယ်ရောက်သောစွန်ခေါင်းဖြူများတွင် နီညိုရောင်ကိုယ်ထည်ရှိပြီး ဦးခေါင်းနှင့်ရင်ပတ်တို့ ဖြူသည်။ ထို့အတွက်ကြောင့် အခြားသော ငှက်ရဲများဖြင့် ခွဲခြားနိုင်လေသည်။
စွန်ခေါင်းဖြူ (သို့) ဗြဟ္မဏီ စွန် | |
---|---|
![]() | |
စွန်ခေါင်းဖြူ ပုံ | |
မျိုးရိုးခွဲခြားခြင်း ![]() | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Accipitriformes |
မျိုးရင်း: | Accipitridae |
မျိုးရင်းသေး: | Milvinae |
မျိုးစု: | Haliastur |
မျိုးစိတ်: | H. indus |
ဒွိနာမ | |
Haliastur indus (Boddaert, 1783) | |
စွန်ခေါင်းဖြူများသည် ရေအိုင်၊ မြစ် ချောင်းများနှင့် ရေကန်များအနီးအနားတွင် နေထိုင်ကျက်စားပြီး ဖား၊ ဂဏန်း နှင့် ပိုးမွှားများကို စားသောက်ကြသည်။ အသိုက်များကို လယ်ကွင်းများတွင် အထီးတည်း ပေါက်နေသော သစ်ပင်ထက်တွင် ပြုလုပ်လေ့ရှိပြီး ဇန်နဝါရီလမှ မတ်လအတွင်း ဥအုကြသည်။ တစ်ကြိမ်လျှင် ဥ ၂-၃လုံး အုသည်။[2]