စကြဝဠာဗေဒ
From Wikipedia, the free encyclopedia
စကြဝဠာဗေဒ (ပါဠိ: စက္ကဝါဠဝေဒ) (ခေါ်) လောကဗေဒ အင်္ဂလိပ်: Cosmology) သည် ဧကလောက(Universe) ဖြစ်ပေါ်ပြောင်းလဲနေပုံများ နှင့် လောက(Universe) အတွင်း မိမိတို့နှင့်အတိတ်-အနာဂတ် သက်ရောက်မှု ရှိသော[2] သက်ရောက်လောက (Observable Universe) ကဲ့သို့ တိုင်းဝန်းတာ(scale) ကြီးမားသော အဝန်းအစုတို့၏ ဖွဲ့စည်းပုံများကို လေ့လာသော ဘာသာရပ် ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအား လေ့လာသောအပိုင်းနှင့် သီအိုရီပိုင်းဟူ၍ ကွဲပြားသေးသည်။ ရုပ်ပိုင်းဆိုင်ရာလေ့လာမှုတွင် ရူပဗေဒ၊ နက္ခတ္တရူပဗေဒနှင့် ပူးတွဲကာ ဂြိုဟ်များ၊ ကြယ်များ၊ ဂယ်လက်ဆီများတို့ကို လေ့လာသည်။ သီအိုရီပိုင်းတွင် သိပ္ပံနည်းကျ လေ့လာချက်များအပါဝင် သိပ္ပံနည်းကျမဟုတ်သောနည်းများလည်း ပါဝင်သည်။[3]