စကောကရင်လူမျိုး
From Wikipedia, the free encyclopedia
စကောကရင် (ကရင်: စှီၤ သို့မဟုတ် ပှၤကညီဖိ)၊ ကရင်ဖြူ[1] သည် မြန်မာနိုင်ငံ နှင့် ထိုင်းနိုင်ငံတွင် နေထိုင်ကြသော လူမျိုးစုတစ်ခု ဖြစ်ပြီး[2] စကောကရင်ဘာသာစကားကို ပြောဆိုကြသည်။[3]
အချက်တိုများ ဘာသာစကား, ကိုးကွယ်မှု ...
ကရင်အလံ | |
ရိုးရာဝတ်စုံ ဝတ်ဆင်ထားသော စကောကရင် အမျိုးသမီးတစ်ဦး | |
ဘာသာစကား | |
---|---|
ကရင် | |
ကိုးကွယ်မှု | |
ထေရဝါဒ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်၊ Animism |
ပိတ်ရန်
အခြားကြည့်ရန်။ ကရင်လူမျိုး
စကောကရင်သည် ကရင်လူမျိုးစုဝင် ဖြစ်သည်။ ကိုလိုနီခေတ်တွင် ကရင်နီနှင့် ပအိုဝ်း (ကရင်မည်း)နှင့် ခွဲခြားခေါ်ဆိုရန် ကရင်ဖြူ ဟု သုံးနှုန်းခဲ့ကြသည်။[1]
စကောကရင်လူမျိုးများသည် မြန်မာနိုင်ငံ အရှေ့ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေထိုင်ကြသည်။ ဆယ်စုနှစ်များစွာ ဖြစ်ပွားခဲ့သော ကရင်ပြည် ပဋိပက္ခများကြောင့် အများစုမှာ ထိုင်း-မြန်မာ နယ်စပ်သို့ ပြောင်းရွှေ့ကာ ဒုက္ခသည်များအဖြစ် နေထိုင်ကြသည်။ စကောကရင်လူမျိုးများသည် ကရင် အမျိုးသား အစည်းအရုံး (ကေအင်ယူ) ကို တည်ထောင်ခဲ့ကြသူများလည်း ဖြစ်သည်။