စကောကရင်ဘာသာစကား
From Wikipedia, the free encyclopedia
စကော (ကရင်: စှီၤ/ကညီကျိာ်)၊ စကောကရင်ဘာသာစကား သည် မြန်မာနိုင်ငံနှင့် ထိုင်းနိုင်ငံရှိ စကောကရင်လူမျိုးတို့ အဓိက ပြောဆိုအသုံးပြုကြသော ဘာသာစကားတစ်ခု ဖြစ်သည်။ တရုတ်-တိဗက်နွယ်ဘာသာစကား မိသားစုတွင် ပါဝင်သော ကရင်ဘာသာစကားတစ်ခုဖြစ်ပြီး မြန်မာနိုင်ငံ တနင်္သာရီတိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးတို့တွင် လူဦးရေ လေးသန်းကျော်ခန့်၊ ကရင်ပြည်နယ် နယ်စပ်တလျောက် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အနောက်ပိုင်းတို့တွင် လူဦးရေ ၂၀၀,၀၀၀ ခန့်က ပြောဆိုအသုံးပြုကြသည်။ စကောကရင်ဘာသာစကားကို မြန်မာအက္ခရာမှ ဆင်းသက်လာသော စကောကရင်အက္ခရာဖြင့် ရေးသားကြသလို ထိုင်းနိုင်ငံအနောက်မြောက်ပိုင်းတွင်မူ လက်တင်အခြေခံအက္ခရာတို့ဖြင့် ရေးသားကြသည်။[3]
စကောကရင် | |
---|---|
K’nyaw | |
စှီၤ/ကညီကျိာ် | |
ဒေသခံ | မြန်မာနိုင်ငံ၊ ထိုင်းနိုင်ငံ |
ဒေသ | ကရင်ပြည်နယ်၊ မြန်မာနိုင်ငံ အရှေ့ပိုင်း၊ ထိုင်းနိုင်ငံ အနောက်ပိုင်း |
လူမျိုးစု | ကရင်လူမျိုး |
ဒေသခံ ပြောဆိုသူများ | (၄ သန်း ရည်ညွှန်း ၁၉၈၃–၂၀၁၁)[1] |
တရုတ်-တိဗက်နွယ်
| |
စာအရေးအသားစနစ် | မြန်မာအက္ခရာ စကောကရင်အက္ခရာ (ကရင်အက္ခရာ) လက်တင်အက္ခရာ ကရင်ဘရေး |
တရားဝင် အခြေအနေ | |
ရုံးသုံး အဖြစ် အသုံးပြုမှု | ကရင်ပြည်နယ် |
လူနည်းစု ဘာသာစကားအဖြစ် အသိအမှတ်ပြုခြင်း | |
ဘာသာစကားကုဒ်များ | |
ISO 639-2 | kar |
ISO 639-3 | ksw – ပါဝင်သော ကုဒ်သီးခြားကုဒ်များ: ksw – စကော jkp – ပကူး jkm – မိုးပွ wea – ဝေဝေါ |
Glottolog | sout1554 [2] |
ကရင် |
အမျိုးမျိုးသော ကွဲပြားသည့် ဒေသိယစကားများကို မတူညီသော ဘာသာစကားများအဖြစ် တွေ့ရသည်။ အရှေ့မြောက်ပိုင်းတွင် ပကူး၊ အနောက်မြောက်ပိုင်းတွင် မိုးပွ၊ ဝေဝေါနှင့် မောနေပွားတို့ ဖြစ်ကြသည်။[4]