ငှက်ခါး
From Wikipedia, the free encyclopedia
ငှက်ခါး (အင်္ဂလိပ်: Indian Roller) သည် စိမ်းပြာရောင်ရှိသော ငှက်မျိုးဖြစ်သည်။ ဦးခေါင်း၊ ရင်အုပ်နှင့် ကျောပြင်တို့တွင် အပြာနုရောင်ရှိ၍ အတောင်နှင့်အမြီးမှာ ပို၍ပြာသည်။ ဦးခေါင်းကြီးသည်။ ကြာရှည်စွာ ပျံသန်းလေ့မရှိ။ စူးရှစွာ အော်တတ်၍ အစာကိုမြင်လျှင် တဟုန်ထိုးဆင်းလာတတ်၍ ကြိုးတန်းနွယ်တန်းများတွင် နားနေတတ်သည်။ ပိုးကောင်များနှင့် ဖားများကို ဖမ်းယူစားသောက်တတ်သည်။ အတောင်ကို ပြင်းစွာ ရိုက်ခတ်၍ နိမ့်ချည်မြင့်ချည် ပျံသန်းတတ်သည်။ ဥမှာဖြူဆွတ်၍ ချောပြောင်သည်။ အခြားငှက်သိုက်များတွင် ဥလေ့ရှိသည်။ အရှေ့ဘက်နိုင်ငံများတွင် အနှံ့အပြား တွေ့ရသော ငှက်မျိုးဖြစ်သည်။[2]
အချက်တိုများ ငှက်ခါး (Indian Roller), ထိန်းသိမ်းစောင့်ရှောက်ရေး အဆင့်အတန်း ...
ငှက်ခါး (Indian Roller) | |
---|---|
Indian roller in Kanha National Park, India | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Aves |
မျိုးစဉ်: | Coraciiformes |
မျိုးရင်း: | Coraciidae |
မျိုးစု: | Coracias |
မျိုးစိတ်: | C. benghalensis |
ဒွိနာမ | |
Coracias benghalensis (လင်းနီးယပ်၊ ၁၇၅၈) | |
breeding range non-breeding range | |
Synonyms | |
Corvus benghalensis လင်းနီးယပ်၊ ၁၇၅၈ |
ပိတ်ရန်