ငါးရံ့
ငါးရံ / From Wikipedia, the free encyclopedia
ငါးရံ့ (Ophiocephalus Striatus) မျိုးတွင် ငါးရံ့အောက်၊ ငါးရံ့ဒိုင်း၊ ငါးရံ့ခေါင်းတို၊ ငါးရံ့ပနော်၊ ငအုံးမတို့ ပါဝင်သည်။ ထိုငါးရံ့မျိုးတို့သည် 'အိုဖီယို ဖာလီဒေး' ငါးမျိုးရင်းတွင် ပါဝင်ကြ၏။ တစ်မျိုးနှင့် တစ်မျိုး ပုံသဏ္ဌာန်ချင်း တူကြသော်လည်း အရောင်အဆင်းမှာ မူကား ခွဲပြား ခြားနားကြသည်။ ကိုယ်အရှည် ၃ ပေအထိ ရှိသည်။ မြန်မာနိုင်ငံ၌ မြေပြန့်ရာအရပ်များတွင် ငါးရံ့တို့ကို တွေ့ရှိရသည်။
Channa striata | |
---|---|
Channa striata, after Bleeker, 1879 | |
မျိုးရိုးခွဲခြားခြင်း | |
လောက: | Animalia |
မျိုးပေါင်းစု: | Chordata |
မျိုးပေါင်း: | Actinopterygii |
မျိုးစဉ်: | Anabantiformes |
မျိုးရင်း: | Channidae |
မျိုးစု: | Channa |
မျိုးစိတ်: | C. striata |
ဒွိနာမ | |
Channa striata (Bloch, 1793) | |
Distribution of Channa striata.[2]
Madagascar reports are misidentifications of C. maculata | |
Synonyms[3] | |
ငါးရံ့ကိုယ်သည် ခပ်လုံးလုံးရှိ၍ အမြီးဖက်သို့ ရှူးသွား သည်။ ခေါင်းသည် မြွေခေါင်းကဲ့သို့ ပြားသည်။ အမြီးထိပ် သည် ဝိုင်းသည်။ ကိုယ်ဘေးကြောင်းသည် ထင်ရှားပေါ်လွင် ၏။ အညိုစင်းများနှင့် အကွက်များသည် တစ်ကိုယ်လုံး၌ ထင်ရှားလျက် ရှိ၏။ ကျောဆူးတောင်နှင့် ဝမ်ဆူးတောင်တို့တွင် အဆူးများသည် တစ်ခုနှင့် တစ်ခု ဆက်နေကြသည်။ ငါးရံ့သည် ငါးပြေမကဲ့သို့ လေထဲမှ အောက်ဆီဂျင်ကို တိုက်ရိုက် ရှူနိုင်၏။ စွတ်စိုသောကုန်းမြေ၌ ခရီးအတန်ဝေးဝေး သွားနိုင်၏။ ငါးရံ့ကို ချက်ပြုတ်စားကြသည့်ပြင် ငါးပိငါးခြောက်လည်း လုပ်ကြသည်။[4]