![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/32/Googleplex_HQ_%2528cropped%2529.jpg/640px-Googleplex_HQ_%2528cropped%2529.jpg&w=640&q=50)
ဂူဂယ်
အမေရိကန် နိုင်ငံတကာဆိုင်ရာ အင်တာနက်နှင့် နည်းပညာ ကော်ပိုရေးရှင်း / From Wikipedia, the free encyclopedia
ဂူဂယ် (အင်္ဂလိပ်: Google) [8] ဆိုသည်မှာ အင်တာနက်တွင် ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် အွန်လိုင်းကြော်ငြာလုပ်ငန်းများကို ကြီးမားကျယ်ပြန့်စွာ ဆောင်ရွက်နေသော အမေရိကန်နိုင်ငံရှိ အများနှင့်သက်ဆိုင်သော ကော်ပိုရေးရှင်း တစ်ခုဖြစ်သည်။ ကုမ္ပဏီ၏ တည်နေရာမှာ ကယ်လီဖိုးနီးယားပြည်နယ် Mountain View တွင်ဖြစ်ပြီး ဇွန်လ ၃၀ ရက်နေ့ ၂၀၀၇ အထိ အချိန်ပြည့်အလုပ်သမား ၁၃၇၄၈ ဦး ရှိသည်ဟု သိရသည်။ ဂူဂယ်၏ဆောင်ပုဒ်မှာ ကမ္ဘာပေါ်ရှိသတင်းအချက်အလက်များကို စုစည်း၍ အားလုံးအသုံးချနိုင်ရန်နှင့် အကျိုးရှိအောင် သုံးနိုင်ရန် ("Organize the world's information and make it universally accessible and useful.") ဟူ၍ ဖြစ်သည်။
![]() | |
![]() ဂူဂယ်၏ဌာနချုပ်ဖြစ်သော ဂူဂယ်ပလက်စ် | |
အမျိုးအစား | အများဆိုင် |
---|---|
လုပ်ငန်း | အင်တာနက် ကွန်ပျူတာဆော့ဖ်ဝဲလ် ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ပစ္စည်းကိရိယာများ |
တည်ထောင်သည့်နှစ် | ၁၉၉၈ စက်တင်ဘာ ၄ မိုင်လိုပါ့ခ်၊ ကယ်လီဖိုးနီးယား၊ အမေရိကန်ပြည်ထောင်စု[1][2] |
တည်ထောင်သူများ | လယ်ရီပေ့ချ် ဆာဂေး ဘရင် |
ဌာနချုပ် | ဂူဂယ်ပလက်စ်၊ မိုင်လိုပါ့ခ်၊ ကယ်လီဖိုးနီးယား[3], အမေရိကန်ပြည်ထောင်စု |
ဝန်ဆောင်မှု ဧရိယာ | ကမ္ဘာအနှံ့ |
အရေးပါ ပုဂ္ဂိုလ်များ | ဆန်ဒါ ပစ်ချိုင်း (စီအီးအို)[4] |
ဝင်ငွေ | ![]() |
အခွန်မဆောင်မီ ဝင်ငွေ | ![]() |
အသားတင် ဝင်ငွေ | ![]() |
ရင်းနှီးမြှုပ်နှံမှု | ![]() |
စုစုပေါင်း ရှယ်ယာတန်ဖိုး | ![]() |
အလုပ်သမားဦးရေ | ၅၃၆၀၀ (၂၀၁၄)[6] |
ကုမ္ပဏီခွဲ | အက်ဒ်မော့ဘ်၊ ဒါဘယ်ကလစ်၊ အွန်တူး နည်းပညာအသုံးချသိပ္ပံ၊ ပစ်နစ်၊ ယူကျူ့ဘ်၊ ဇေဂတ်၊ ဝေ့ဇ်၊ ဘလော့ဂါ၊ စလစ်လော့အင်၊ ဘော့စတွန် ဒိုင်းနမစ်၊ ဘမ့်ပ်၊ နက်စ် လပ်(ဓာတ်ခွဲခန်း)၊ ဒိဗ် မိုင်းန်၊ ဒဗလျူအိုင်အမ်အမ် တစ်(ဝမ်း)၊ ဗိုင်းရပ်စ်တိုတယ်၊ မော်တာရိုလာ မိုင်ဘိုင်လတီ၊ ဂူဂယ်ဝက်ဘ်ဆိုဒ်၊ ဂူဂယ်စတိုး(ဆိုင်)၊ ကီးဟိုး၊ ဂူဂယ် ချိုင်းနား (တရုတ်နိုင်ငံ ဂူဂယ်)၊ အိုင်တီအေ ဆော့ဖ်ဝဲလ်၊ အင်းမေ့(ဓာတ်ပုံ)အမေရိကား၊ ကယ်လ်တစ်ရှ်၊ ဖိဒ်ဘန်းနား၊ နီယိုတိုနစ် ဆော့ဖ်ဝဲလ်၊ ပိခ်စထရင်း၊ ပိုစတနီ၊ ဂူဂယ်အဖွဲ့ပေါင်းစုအောက်ရှိ ကွန်ယက်၊ ဒီမာ့ခ် ရုပ်သံလွှင့်၊ ဂျီ ဆုအိုင်တီ(တည်းခိုခန်း)၊ ဂူဂယ် ကလောပ်(တိမ်) ပလက်ဖောင်း၊ ဂျီဗွီ၊ အန်ဒိုရှန်၊ ဂူဂယ်စွမ်းအင်၊ ဘက်ဖာဘော့ရှ် စသည်တို့အပြင် အများအပြား |
ဝက်ဘ်ဆိုက် | google.com |
ကိုးကား [7] |
ဂူဂယ်ကိုစတင်တည်ထောင်သူများမှာ ကယ်လီဖိုးနီးယားပြည်နယ် စတန်းဖို့ဒ် တက္ကသိုလ်မှ ပါရဂူဘွဲ့သင်တန်းတက်ရောက်နေသော ကျောင်းသားနှစ်ဦးဖြစ်သော လယ်ရီပေ့ချ် နှင့် ဆာဂေး ဘရင် တို့မှ ဂူဂယ်အား ရှာဖွေရေး စီမံကိန်းတစ်ခုအဖြစ် ၁၉၉၆ ဇန်နဝါရီလ တွင်စတင်ခဲ့ခြင်း ဖြစ်သည်။ ဂူဂယ်သည် ၁၉၉၈ ခုနှစ် စက်တင်ဘာလ (၇) ရက်နေ့မှ ပုဂ္ဂလိကကုမ္ပဏီ အဖြစ်စတင်ခဲ့ပြီး ၂၀၀၄ ခုနှစ် ဩဂုတ်လ (၁၄) ရက်နေ့တွင် အများနှင့်သက်ဆိုင်သော ကုမ္ပဏီ အဖြစ်သတ်မှတ်ခဲ့သည်။ အစကနဦး ဝက်ဘ်ဆိုဒ်ရှာဖွေရေးနှင့် စီးပွားရေးကြော်ငြာ လုပ်ငန်း များအပြင် ဝက်ဘ်ဆိုဒ်အခြေပြု အီလက်ထရောနစ် စာပို့စနစ်များ၊ အွန်လိုင်း မြေပုံလမ်းညွှန်များ၊ ရုံးသုံး ဆော့ဖ်ဝဲလ်များနှင့် အွန်လိုင်းတွင် ဗီဒီယိုဖိုင်များ ဝေမျှခြင်းများ လုပ်ငန်းများ ကို လုပ်ကိုင်လျက် ရှိသည်။
ဂူဂယ်သည် ဝက်ဘ်ဆိုဒ်ရှာဖွေရေးကို အဓိက လုပ်ဆာင်သော်လည်း တခြားသော အွန်လိုင်းသုံး ပရိုဂရမ်များကိုလည်း ထုတ်လုပ်ခဲ့သည်။ အွန်လိုင်းစာပို့မှုအတွက် ဂျီမေးလ် (အင်္ဂလိပ်: Gmail)၊ အွန်လိုင်းသိုလှောင်မှုအတွက် ဂူဂယ်ဒရိုက်ဖ် (Google Drive)၊ အွန်လိုင်း ရုံးသုံးပစ္စည်း ဂူဂယ်ဒေါ့စ် (Google Docs) နှင့် လူမှုကွန်ရက်တစ်ခုဖြစ်သော ဂူဂဲလ်ပလပ်စ် (Google+) တို့ထုတ်လုပ်ထားသည်။ ကွန်ပျူတာတွင် အသုံးပြရန်အတွက် အင်တာနက်ရှာဖွေရေး အက်ပလီကေးရှင်း၊ ဓာတ်ပုံတည်းဖြတ်ခြင်း အက်ပလီကေးရှင်း နှင့် စာတိုပေးပို့မှု အက်ပလီကေးရှင်းများကိုလည်း ထုတ်ဝေထားသည်။ နောက်ထပ် အဓိက လုပ်ငန်းဖြစ်သောလုပ်ငန်းမှာ မိုဘိုင်းဖုန်းများတွင် လည်ပတ်မှု စနစ်ဖြစ်သော အန်းဒရွိုက် လည်ပတ်မှုစနစ် (Android OS) နှင့် ကွန်ပျူတာ လည်ပတ်မှုစနစ် ခရုန်း (Chrome OS) တို့ဖြစ်သည်။ အခုနောက်ပိုင်းတွင်အမာထည် လုပ်ငန်းများကိုလည်း တိုးချဲ့လာခဲ့သည်။ ပစ္စည်းကောင်း၍ ဈေးချိုသော နက်စပ်ဖုန်း (Nexus) နှင့် မိုတိုရိုလာ မိုဘိုင်းကို ၂၀၁၂ ခုနှစ် မေလတွင် ဝယ်ယူခဲ့သည်။ ၂၀၁၂ ခုနှစ်တွင် ဂူဂယ် ဖိုင်ဘာ အင်တာနက်ဝန်ဆောင်မှုကို ကန်စမြို့တွင် စတည်ခဲ့သည်။
ဂူဂယ်သည် တစ်ကမ္ဘာလုံးတွင် အချက်အလက်စင်တာများ တည်ဆောက်ထားပြီး ဆာဗာပေါင်း ၁ သန်းကျော်နှင့် လည်ပတ်နေသည်။ ၁ ရက်လျှင် အွန်လိုင်းရှာဖွေမှုပေါင်း သန်း ၁၀၀၀ ကျော်ကို ရှာဖွေပေးနေသည် (၂၀၀၉ ခုနှစ် အချက်အလက်များအရ)။ ၂၀၁၃ ဒီဇင်ဘာလ အချက်အလက်များအရ ဂူဂယ်ဝက်ဘ်ဆိုဒ် သည် ကမ္ဘာပေါ်တွင် လည်ပတ်မှုအများဆုံး ဝက်ဘ်ဆိုဒ် အဖြစ်ရပ်တည်ခဲ့သည်။ ဂူဂယ်ဝက်ဘ်ဆိုဒ်ကို ဘာသာစကား မျိုးစုံဖြင့် ဖတ်ရှုနိုင်ပြီး တခြားလူသုံးများသော ဝက်ဘ်ဆိုဒ်များမှာ ယူကျုဘ် (YouTube) နှင့် ဘလော့ဂါ (Blogger) တို့ဖြစ်သည်။ Google ဟာဆိုရင်ဖြင့်တစ်ကမ္ဘာလုံးကအသုံးပြုနေသောအက်ပ်တစ်ခုဖြစ်သည်။ Google သည်လူကြိုက်အများဆုံးနေရာတစ်နေရာသိုရာက်ခဲ့ပြီဖြစ်သည်။ Google ဟာအလွန်အသုံးဝင်သာအက်ပ်တစ်ခုဖြစ်သည်။