ဂီရိ ဆိုင်ကလုန်း မုန်တိုင်း
၂၀၁၀ ခုနှစ်တွင် မြောက်အိန္ဒိယသမုဒ္ဒရာတွင် တိုက်ခတ်ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း / From Wikipedia, the free encyclopedia
ဘင်္ဂလားပင်လယ်အော်၌ စတင် ဖြစ်ထွန်းခဲ့သော ဂီရိ (GIRI) အမည်ရှိ ဆိုင်ကလုန်း မုန်တိုင်းကြီးသည် ၂၀၁၀ အောက်တိုဘာလ ၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်း တလျှောက် ဝင်ရောက် တိုက်ခတ်ပြီး အင်အားအလွန် ပြင်းထန်သည်။
အလွန်အမင်း ပြင်းထန် ဆိုင်ကလုန်းမုန်တိုင်း (IMD စကေး) | |
---|---|
အဆင့် ၄ (Saffir–Simpson scale) | |
အမြင့်ဆုံးအခြေအနေ ရောက်ခါနီးအချိန်တွင် တွေ့ရသော ဆိုင်ကလုန်းဂီရိ (အောက်တိုဘာ ၂၂၊ ၂၀၁၀) | |
ဖြစ်ပေါ်ခြင်း | အောက်တိုဘာ ၂၀၊ ၂၀၁၀ |
ကွယ်ပျောက်ခြင်း | အောက်တိုဘာ ၂၃၊ ၂၀၁၀ |
အမြင့်ဆုံးလေတိုက်နှုန်း | 3-minute sustained: တစ်နာရီ ၁၉၅ ကီလိုမီတာနှုန်း (တစ်နာရီ ၁၂၀ မိုင်နှုန်း) 1-minute sustained: ၂၅၀ ကီလိုမီတာနှုန်း (တစ်နာရီ ၁၅၅ မိုင်နှုန်း) |
အနိမ့်ဆုံး လေဖိအား | ၉၅၀ mbar (hPa)၊ ၂၈.၀၅ inHg (Estimated at 922 mbar (hPa; 27.23 inHg) by JTWC) |
အသေအပျောက် | တိုက်ရိုက် ၁၅၇ ဦး၊ သွယ်ဝိုက် ၁၀ ဦး |
ပျက်စီးမှု | $359 သန်း (၂၀၁၀ USD) |
သက်ရောက်သည့် ဧရိယာ | မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ |
Gategory အဆင့် ၂ ရှိ ဂီရိ မုန်တိုင်းသည် တနာရီလျှင် ၈၀ မိုင်နှင့်အထက်ထိ တိုက်ခတ်လာနိုင်ပြီး အင်အားပြင်းသော မုန်တိုင်းတခု ဖြစ်လာနိုင်ကြောင်း မိုးလေဝသ လေ့လာစောင့်ကြည့်ရေးအဖွဲ့မှ သတိပေးခဲ့သည်။ မုန်တိုင်းအား အနီရောင် အဆင့်ထိ သတ်မှတ်ထားသည်။ ဂီရိမုန်တိုင်းသည် ကျောက်ဖြူမြို့နှင့် စစ်တွေမြို့တို့၏ပင်လယ်ကမ်းရိုးတန်း တလျှောက်သို့ အောက်တိုဘာ ၂၂ ရက်နေ့ နံနက်ပိုင်းမှ စတင်ဝင်ရောက် တိုက်ခတ်သည်။ ယခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်သည့် စတုတ္ထမြောက် မုန်တိုင်းဖြစ်သဖြင့် မိုးလေ၀သ ဌာနများက 04B ဟုပညာရပ်ဆိုင်ရာ အမှတ်အသားဖြင့် မှည့်ခေါ်ထားပြီး မုန်တိုင်း အဆင့်ရောက်ရှိလာသည့်အခါ ဂီရိ ဟုအမည်မှည့်ခေါ်ခဲ့သည်။ ဂီရိ အပူပိုင်း ဆိုင်ကလုန်းမုန်တိုင်းကြီးသည် လေဖိအားနည်းရပ်ဝန်းအဖြစ် အောက်တိုဘာလ ၁၉ ရက်နေ့တွင် စတင်ဖြစ်ပေါ်ခဲ့ပြီး စတင်ဖြစ်ပေါ်ရာနေရာမှာ ဘင်္ဂပင်လယ်အော် အရှေ့အလယ်ပိုင်းဖြစ်သည်။
ထိုသို့လေဖိအားနည်းရပ်ဝန်းမှ မုန်တိုင်းငယ်အဖြစ်သို့ အောက်တိုဘာ ၂၀ ရက်နေ့တွင်ရောက်ရှိခဲ့ပြီး အားပိုမိုကောင်းလာခဲ့သည်။ ထိုအဆင့်တွင် တနာရီလေတိုက်နှုန်း မိုင်၄၅ ဝန်းကျင်သာရှိခဲ့သော်လည်း အောက်တိုဘာ ၂၂ ရက်နေ့တွင်မူ လိမ္မော်ရောင် အဆင့်သတ်မှတ်သည့် မုန်တိုင်းငယ်မှ အနီရောင် အဆင့်ရှိသည့် အားကောင်းသော မုန်တိုင်းအဖြစ်သို့ပြောင်းလဲခဲ့သည်။ လေတိုက်နှုန်းမှာလည်း မုန်တိုင်း၏ ဗဟိုချက်တွင်လေတိုက်နှုန်းမှာ အမြင့်ဆုံးတနာရီ ၇၅ မှ ၈၅ မိုင်ထိ ရောက်ရှိလာခဲ့သည်။ ၂၂ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲ တိုင်းထွာချက်အရ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနောက်တောင်ဘက် မိုင်၅၀ အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေခဲ့သည်။ ထိုနေ့ ညနေ ၃နာရီခွဲ တိုင်းထွာချက်များအရ ဂီရိ မုန်တိုင်းသည် အားအလွန်ကောင်းသော ဆိုင်ကလုံး မုန်တိုင်းကြီး အဆင့်သို့ ရောက်ရှိခဲ့ပြီး ရခိုင်ကမ်းရိုးတန်းသို့ ကျောက်ဖြူမြို့အနီးမှ ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ မိုးလေ၀သ ပညာရှင် ဦးထွန်းလွင်၏ ပြောကြားချက်အရ မုန်တိုင်းဗဟို ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ချိန်သည် အောက်တိုဘာ ၂၂ရက်နေ့ မွန်းလွဲ ၂နာရီ၄၅ မိနစ်ဖြစ်ပြီး ညနေ ၅နာရီတွင် မုန်တိုင်းတခုလုံး ကုန်းတွင်းသို့ဝင်ရောက်ခဲ့သည်။
၂၂ ရက်နေ့တွင် ရခိုင်ကမ်းရိုးတန်းကို ဖြတ်ကျော်ဝင်ရောက်ခဲ့သော်လည်း ဂီရိ မုန်တိုင်းကြီးမှာ ပျက်ပြယ်ခြင်း မရှိသေးပဲ ကုန်းတွင်းမုန်တိုင်း အဖြစ်ဆက်လက် တည်ရှိကာ မြန်မာနိုင်ငံ အတွင်းပိုင်းဖြစ်သည့် မန္တလေးတိုင်း နှင့်စစ်ကိုင်းတိုင်း အောက်ပိုင်းသို့ အရှေ့မြောက်ဘက်ဆီ ဦးတည်ကာ ရွှေ့လျားခဲ့ရာမှ အောက်တိုဘာ ၂၃ ရက်နေ့ညနေ ၅နာရီတိုင်းထွာချက်အရ စစ်ကိုင်းတိုင်း အောက်ပိုင်း ဘုတလင်မြို့ အနီးတွင် အားပျော့ပျက်ပြယ်သွားခဲ့သည်ဟု ၂၃ ရက်နေ့ ည ထုတ်ပြန်ကြေညာခဲ့သည်။