ဂလိုဘယ်လိုက်ဇေးရှင်း
From Wikipedia, the free encyclopedia
ဂလိုဘယ်လိုက်ဇေးရှင်း ( globalization ) ဆိုသည်မှာ ကမ္ဘာကြီးကို ဖြန့်ကျက်လွှမ်းခြုံထား သော ဆက်သွယ်ရေးနှင့် ကူးသန်းရောင်းဝယ်ရေး ကွန်ယက်မှတစ်ဆင့် ဒေသတွင်းဆိုင်ရာ စီးပွားရေးများ၊ လူ့အ ဖွဲ့အစည်းများနှင့် ယဉ်ကျေးမှုများသည် စတင်၍ပေါင်းစည်းလာသည့် ဖြစ်စဉ်တစ်ရပ်ကို ဖော်ပြခြင်းဖြစ်သည်။ ထိုစကားရပ်ကိုအထူးသဖြင့် စီးပွားရေးဆိုင်ရာဂလိုဘယ်လိုက်ဇေးရှင်း ကို ရည်ညွှန်းရန် တစ်ခါတစ်ရံ အသုံး ပြုသည် - နိုင်ငံတွင်း စီးပွားရေးများကို ကူးသန်းရောင်းဝယ်ရေး ၊ နိုင်ငံခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု ၊ ငွေအရင်း အနှီး စီးဆင်းခြင်း ၊ ရွှေ့ပြောင်းခြင်း နှင့် နည်းပညာ ပျံ့နှံ့ခြင်းတို့မှတစ်ဆင့် အပြည်ပြည်ဆိုင်ရာ စီးပွားရေးဆီသို့ ပေါင်းစည်းခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဂလိုဘယ်လိုက်ဇေးရှင်းသည် စီးပွားရေး ၊ နည်းပညာ ၊ လူမှု ယဉ်ကျေးမှု ၊ နိုင်ငံရေးနှင့် ဇီဝဗေဒဆိုင်ရာအချက်များ ပေါင်းစုထားခြင်း၏ မောင်းနှင်ခြင်းခံရသည်ဟု အသိ အမှတ်ပြုခြင်း ခံရသည်ထိုအသုံးအနှုန်းသည် ယဉ်ကျေးမှု ပြောင်းလဲရွေ့လျားခြင်းမှတစ်ဆင့် နိုင်ငံများကို ကျော်ဖြတ်၍ အတွေးအခေါ်များ ၊ ဘာသာစကားများ သို့မဟုတ် လူသိများသော ယဉ်ကျေးမှုများ ပျံ့နှံ့လည် ပတ်ခြင်းကိုလည်း ရည်ညွှန်းနိုင်သည်။