ကျူးကော့လျံ
From Wikipedia, the free encyclopedia
ကျူးကော့လျံ (တရုတ်: 諸葛亮,[2] အင်္ဂလိပ်: Zhuge Liang ; 181–234) သည် တရုတ်လူမျိုး နိုင်ငံရေးသမား၊ စစ်ရေးဗျူဟာရှင်၊ စာရေးဆရာ၊ အင်ဂျင်နီယာ၊ တီထွင်သူ တစ်ဦးဖြစ်၍ အမည်တစ်မျိုးဖြင့် "ခုံမင်" ဟုလည်း ခေါ်ဝေါ်ကြသည်။ သုံးပြည်ထောင်ခေတ်အတွင်း ရှူပြည်ထောင်အတွက် အမတ်ချုပ်နှင့် ရင်ခွင်ပိုက်အုပ်ချုပ်သူ ရာထူးများဖြင့် ထမ်းဆောင်ခဲ့သည်။ ထိုခေတ်အတွင်း အပြောင်မြောက်ဆုံး ဗျူဟာရှင်ဟူ၍ အသိအမှတ်ပြုကြကာ စစ်သေနကဗျူဟာကျမ်းကို ရေးသားခဲ့သော စွန်း(ဒ်)ဇူး နှင့် နှိုင်းယှဉ်ခြင်း ပြုကြသည်။ [3] ဉာဏ်ပညာထက်မြက်၍ စာပေနှံ့စပ်သော ပညာရှင်တစ်ယောက်ဟူသော ၎င်း၏ နာမည်ကျော်ကြားမှုသည် ၎င်းနေထိုင်ရှင်သန်သည့် မျက်ကွယ်ရာအရပ်၌ ဝို့လုံ (သို့) ဖုလုံ အမည်ပြောင်ရရှိခဲ့ပြီး အဓိပ္ပာယ်မှာ "ဝပ်နေသော နဂါး" (သို့) အိပ်နေသော နဂါး" ဖြစ်သည်။ ကျူးကော့လျံကို အများအားဖြင့် တာအို ဝတ်ရုံဆင်မြန်းပြီး ကြိုးကြာငှက်မွေး ယပ်တောင် ကိုင်ဆောင်နေသည့် ပုံဖြင့် သရုပ်ဖော်ကြသည်။[4]
ကျူးကော့လျံ | |
---|---|
諸葛亮 | |
ရှူဟန်ပြည်၏ အမတ်ချုပ် (丞相) | |
တာဝန်သက်တမ်း ၂၂၉ (၂၂၉) – ၂၃၄ (၂၃၄) | |
တာဝန်သက်တမ်း ၂၂၁ (၂၂၁) – ၂၂၈ (၂၂၈) | |
ဧကရာဇ် | လျိုပေ့ / လျိုလျှန်း |
ညာဝင်း စစ်သူကြီး (右將軍) | |
တာဝန်သက်တမ်း ၂၂၈ (၂၂၈) – ၂၂၉ (၂၂၉) | |
ဧကရာဇ် | လျိုလျှန်း |
ယီခရိုင် အုပ်ချုပ်ရေးမှူး (益州牧) | |
တာဝန်သက်တမ်း ၂၂၃ (၂၂၃) – ၂၃၄ (၂၃၄) | |
ဧကရာဇ် | လျိုလျှန်း |
ထိန်းသိမ်းရေးအရာရှိ (司隸校尉) | |
တာဝန်သက်တမ်း ၂၂၁ (၂၂၁) – ၂၃၄ (၂၃၄) | |
ဧကရာဇ် | လျိုပေ့ / လျိုလျှန်း |
ယခင်လူ | ကျန်းဖေး |
စာရေးတော်ကိစ္စဆိုင်ရာ အရာရှိ (錄尚書事) | |
တာဝန်သက်တမ်း ၂၂၁ (၂၂၁) – ၂၃၄ (၂၃၄) | |
ဧကရာဇ် | လျိုပေ့ / လျိုလျှန်း |
စစ်ရေးဆိုင်ရာ အကြံပေး အရာရှိ (軍師將軍) (လျိုပေ့ လက်အောက်) | |
တာဝန်သက်တမ်း ၂၁၄ (၂၁၄) – ? (?) | |
ဧကရာဇ် | ဟန့်ဧကရာဇ် ရှန်း |
(နန်းတော်)စစ်ရေးဆိုင်ရာ အကြံပေးအရာရှိ (軍師中郎將) (လျိုပေ့ လက်အောက်) | |
တာဝန်သက်တမ်း ၂၀၈ (၂၀၈) – ? (?) ဖန်းတုံ (209-214) | |
ဧကရာဇ် | ဟန့်ဧကရာဇ် ရှန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | ၁၈၁ ယန်ဒူး စီရင်စု, လန်းယာအုပ်ချုပ်ရေးပိုင်း, ဟန်အင်ပါယာ (ယနေ့ခေတ်- ယိနန် စီရင်စု၊ ရှန်ဒုန်း) |
ကွယ်လွန် | ၂၃၄ (အသက် ၅၄)[1] ဝူကျန်းလွင်ပြင်, ရှူဟန်နှင့် ချောင်းဝေနယ်စပ် (ယနေ့ခေတ် -ချီရှန်း စီရင်စု, ရှန့်ရှီးခရိုင်) |
သင်္ဂြိုဟ်ရာနေရာ | Mount Dingjun, ရှန့်ရှီးခရိုင် |
ကြင်ဖော်(များ) | ဟွမ်းအမျိုးသမီး |
သားသမီး |
|
ဖခင် | ကျူးကော့ကွေး |
ဆွေမျိုးသားချင်း |
|
အလုပ်အကိုင် | နိုင်ငံရေးသမား, စစ်မဟာ ဗျူဟာရှင်, စာရေးဆရာ, အင်ဂျင်နီယာ, တီထွင်သူ |
ကွယ်လွန်ပြီးမှ ရသောအမည် | ကျုံးဝူနယ်စားမင်းကြီး (忠武侯) |
သူကောင်းဘွဲ့အမည် | ဝူခရိုင် နယ်စားမင်းကြီး (武鄉侯) |
အမည်ပြောင်များ | "ဝပ်နေသော နဂါး" (臥龍 / 伏龍) |
Zhuge Liang | |||||||||||||||||||||||||||||||||||||||||||
ရိုးရာ တရုတ် | 諸葛亮 | ||||||||||||||||||||||||||||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 诸葛亮 | ||||||||||||||||||||||||||||||||||||||||||
Hanyu Pinyin | တရုတ်ပြည်သူ့သမ္မတနိုင်ငံ Standard Mandarin:![]() ROC Standard Mandarin: Zhūgé Liàng | ||||||||||||||||||||||||||||||||||||||||||
| |||||||||||||||||||||||||||||||||||||||||||
Kongming (courtesy name) | |||||||||||||||||||||||||||||||||||||||||||
တရုတ် | 孔明 | ||||||||||||||||||||||||||||||||||||||||||
Hanyu Pinyin | Kǒngmíng | ||||||||||||||||||||||||||||||||||||||||||
|
ကျူးကော့လျံသည် ကွန်ဖြူးရှပ်ဝါဒကို တိမ်းညွတ်၍[5] စွဲမြဲလိုက်နာ ကျင့်သုံးသူတစ်ဦးဖြစ်သည်။[6] ဒေသတွင်း အင်းအားကြီးသည့်အနေအထားရရန် ရှူပြည်၏ စိုက်ပျိုးရေးနှင့် (စက်မှု) လုပ်ငန်းများကို ဖွံ့ဖြိုးတိုးတက်အောင်ပြုလုပ်၍[7] ၎င်းကိုယ်တိုင်ကမူ ပညာရှိ အမတ် 'ကွမ်းကျုံး' နှင့် နှိုင်းယှဉ်ရသည်ကို နှစ်သက်သည်။[6] 'ဟန်ဖေး' နှင့် 'ရှန်းဘူဟိုင့်' တို့၏ (စာပေ)လက်ရာများကို အလွန်တရာအရေးပါသည်ဟု ယုံကြည်ကာ[8] မိမိကိုယ်မိမိ စည်းစိမ်၊ ဂုဏ်ရှိန်တို့အပေါ်တွင် နစ်မြုတ်မခံဘဲ တင်းကျပ်သော သို့သော် တရားမျှတ၍ ရှင်းလင်းသော ဥပဒေစည်းမျဉ်များကို ကျင့်သုံးလိုက်နာသည်။ ၎င်း၏ အုပ်ချုပ်ခဲ့မှုကို အမှတ်ရသောအားဖြင့် ဒေသခံပြည်သူတို့က နန်းဆောက် (နန်းကွန်းကဲ့သို့) ကာ ထိန်းသိမ်းလာကြသည်မှာ နှစ်ပေါင်းများမြောင် ကြာခဲ့ပြီဖြစ်သည်။[9]
ကျူးကော့ (Zhuge) တွင် အက္ခရာနှစ်လုံးဖြင့်ပေါင်းစည်းထားသော တရုတ်မိသားစု အမည်ဖြစ်သည်။ ၎င်း၏ အမည် (နောက်ဆုံး အမည်သည်ပင်) သစ္စာရှိခြင်း၊ ဉာဏ်ပညာထူးချွန်ခြင်း၊ တရုတ်(လူမှု)ယဉ်ကျေးမှုရပ်ဝန်းတွင် မဟာဗျူဟာပြောင်မြောက်ခြင်း အဓိပ္ပာယ်ရသည်။[10]