![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/8a/People_on_a_tank_in_Benghazi1.jpg/640px-People_on_a_tank_in_Benghazi1.jpg&w=640&q=50)
ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမှတ် ၁၉၇၃ ဆုံးဖြတ်ချက်
From Wikipedia, the free encyclopedia
လစ်ဗျားနိုင်ငံကိစ္စနှင့် ပတ်သက်၍ ချမှတ်သော ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက် ၁၉၇၃ ကို မတ်လ ၁၇ ရက်နေ့ ၂၀၁၁ တွင်ချမှတ်သည်။ ပြင်သစ်၊ လက်ဘနွန်နှင့် ဗြိတိန်တို့က လုံခြုံရေးကောင်စီသို့ အဆိုတင်သွင်းခဲ့ခြင်းဖြစ်သည်။ [1][2]
UN Security Council Resolution 1973 | |
---|---|
နေ့ရက် - | 17 March 2011 |
စည်းဝေးပွဲ - | အမှတ်စဉ်6,498 |
ကုဒ်နံပါတ် - | S/RES/1973 (Document) |
မဲပေးမှု - | ထောက်ခံ - 10 ပျက်ကွက် - 5 ကန့်ကွက် - 0 |
အကြောင်းကိစ္စ - | ၂၀၁၁ လစ်ဗျား ဆန္ဒပြမှု |
ရလာဒ် - | အတည်ပြုပြီး |
2011 နှစ်တွင် ဖွဲ့စည်းသည့် လုံခြုံရေးကောင်စီ - | |
အမြဲတန်းအဖွဲ့ဝင်များ - | |
အခြားအဖွဲ့ဝင်များ - | |
![]() ![]() ![]() ![]() ![]() | |
![]() ![]() ![]() ![]() ![]() | |
![]() | |
သံချပ်ကားပေါ်တွင် ရပ်နေသည့် ကဒါဖီ ဆန့်ကျင်သူများအား ဘန်ဂါဇီမြို့တွင် တွေ့ရစဉ် |
အတည်ပြုရေးအတွက် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ၁၀ နိုင်ငံ (ဘော့စနီးယားနှင့် ဟာဇီဂိုဗီးနား၊ ကိုလမ်ဘီယာ၊ ဂါဘွန်၊ လက်ဘနွန်၊ နိုက်ဂျီးရီးယား၊ ပေါ်တူဂီ၊ တောင်အာဖရိက နှင့် အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများဖြစ်သော ပြင်သစ်၊ ဗြိတိန်နှင့် အမေရိကန် ပြည်ထောင်စု) တို့က ထောက်ခံမဲ ပေးကြသည်။ ကျန် ၅ နိုင်ငံ (ဘရာဇီးလ်၊ ဂျာမနီနှင့် အိန္ဒိယ၊ အမြဲတမ်းအဖွဲ့ဝင် နိုင်ငံများထဲမှ တရုတ်နှင့် ရုရှ) တို့က ကြားနေကြသည်။ [3]
ယင်းဆုံးဖြတ်ချက်မှ ချက်ချင်း ‘အပစ်အခတ်ရပ်စဲရန်’ တောင်းဆိုထားပြီး နိုင်ငံတကာ အသိုင်းအဝိုင်းမှ လစ်ဗျားဝေဟင်ပိုင်နက်တွင် ‘မပျံသန်းရဇုန်’ သတ်မှတ်ရေးဆွဲရန်နှင့် အရပ်သားများအား ကာကွယ်ရန် မည်သို့သော နည်းလမ်းမျိုးနှင့်မဆို ဆောင်ရွက်ရန် ခွင့်ပြုချက်ပေးထားသည်။[4]