ကိုးဘေးမြို့
From Wikipedia, the free encyclopedia
ကိုးဘေးမြို့သည် Hyogo စီရင်စု ၏တောင်ဘက်ပိုင်းတွင်တည်ရှိသည်။ Hyogoစီရင်စု၏မြို့တော် နှင့် အကြီးဆုံးမြို့ဖြစ်ပြီး ဂျပန်နိုင်ငံ၏မြို့ကြီးများစာရင်းတွင်တစ်ခုအပါအဝင်ဖြစ်သည်။ မြို့ဧရိယာတွင် ရပ်ကွက်(ဂျပန်အခေါ် 区Ku, အင်္ဂလိပ်အခေါ် Ward) ၉ခု ရှိပြီး - ၎င်းတို့မှာ Tarumi Ward ၊ Suma Ward ၊ Nagata Ward ၊ Hyogo Ward၊ Chuo Ward ၊ Nada Ward ၊ Higashinada Ward ၊ Kita Ward နှင့် Nishi Ward တို့ဖြစ်သည် ။
2020 သန်းခေါင်စာရင်းအရ ကိုးဘေးမြို့တွင်လူဦးရေ ၁၅သိန်း၂သောင်း၇ထောင်ကျော်နေထိုင်သည်။ အိုဆာကာမြို့ နှင့် ကျိုတိုမြို့တို့ နှင့်အတူ ကိုးဘေးသည် Keihanshin မြို့တော်ဧရိယာ ၏ ဗဟိုမြို့တစ်မြို့လည်းဖြစ်သည်။ အိုဆာကာမြို့မှ ရထားဖြင့် မိနစ် ၂၀-၃၀ အတွင်းရောက်နိုင်သဖြင့် ကိုးဘေးတွင်နေထိုင်၍ အိုဆာကာမြို့ပေါ်၌ အလုပ်ဆင်းကြသူများလည်းရှိသည်။