![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/e/e0/Flag_of_DKBA.svg/langmy-640px-Flag_of_DKBA.svg.png&w=640&q=50)
ကရင်အမျိုးသားတပ်မတော်
From Wikipedia, the free encyclopedia
ကရင်အမျိုးသားတပ်မတော် (အင်္ဂလိပ်: Karen National Army; အတိုကောက် KNA), ယခင် ကရင်နယ်ခြားစောင့်တပ်ဖွဲ့သည် ကရင်ပြည်နယ်အခြေစိုက် ကရင်ဗုဒ္ဓဘာသာ လက်နက်ကိုင်တပ်ဖွဲ့ ဖြစ်ပြီး ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် တပ်မတော်၏ လက်အောက်ခံအဖြစ်မှ ခွဲထွက်လာခဲ့သည်။ ကရင်အမျိုးသားတပ်မတော်ကို ၁၉၉၄ ခုနှစ် ဒီဇင်ဘာတွင် ဒီမိုကရက်တစ် ကရင်အကျိုးပြုတပ်မတော် (ဒီကေဘီအေ) အဖြစ် ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် မှ ခွဲထွက်ကာ ဖွဲ့စည်းခဲ့သည်။ များမကြာမီတွင် တပ်မတော်နှင့် အပစ်အခတ်ရပ်စဲရေးကို သဘောတူညီခဲ့ကာ ၂၀၀၉ ခုနှစ်တွင် ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့နှင့်အတူ ကရင်နယ်ခြားစောင့်တပ်ဖွဲ့ (ကရင်ဘီဂျီအက်ဖ်) အဖြစ် ပူးပေါင်းခဲ့သည်။[1] မြန်မာနိုင်ငံတွင်း စစ်ကောင်စီအား တိုက်ခိုက်သည့် စစ်ဆင်ရေးများဖြစ်ပွားပြီးနောက် ၂၀၂၄ ခုနှစ် ဇန်နဝါရီလတွင် စစ်ကောင်စီ၏ လက်အောက်ခံအဖြစ်မှ ခွဲထွက်ကြောင်း ကြေညာခဲ့သည်။[5] ယင်းနောက် ဧပြီလတွင် "ကရင်အမျိုးသားတပ်မတော်" အဖြစ် အမည်ကို သတ်မှတ်ခဲ့သည်။[6]
ကရင်အမျိုးသားတပ်မတော် | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
![]() ![]() ကရင်အမျိုးသားတပ်မတော်မှ အသုံးပြုလျက်ရှိသော နယ်ခြားစောင့်တပ်ဖွဲ့ နှင့် ဒီမိုကရက်တစ် တိုးတက်သော ဗုဒ္ဓဘာသာ ကရင်တပ်မတော် တို့၏ အလံများ | |
လှုပ်ရှား | ၁၁ ဇန်နဝါရီ ၂၀၂၄ - လက်ရှိ |
ဦးဆောင်သူများ | ဗိုလ်မှူးကြီး စောချစ်သူ |
ဌာနချုပ် | ရွှေကုက္ကိုလ်[1] |
လှုပ်ရှားသည့် ဧရိယာ | ကရင်ပြည်နယ် |
ယခင် | ![]() ![]() ကရင်ငြိမ်းချမ်းရေးတပ်ဖွဲ့ |
မဟာမိတ် | |
ပြိုင်ဘက် | ပြိုင်ဘက်များ
Non-state opponents
|
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ
|