ကမ္ဘာဂြိုဟ်
နေအဖွဲ့အစည်းတွင် နေနှင့် တတိယမြောက် အနီးဆုံး ဂြိုဟ် / From Wikipedia, the free encyclopedia
ကမ္ဘာဂြိုဟ် (အင်္ဂလိပ်: Earth) သည် လူသားများ၊ တိရစ္ဆာန်များနှင့် အပင်များ ရှင်သန်နေထိုင်ရာ ဂြိုဟ်တစ်ခုဖြစ်ပြီး၊ နေမှရေတွက်ပါက တတိယမြောက်ဂြိုဟ်တစ်စင်း ဖြစ်သည်။ ကမ္ဘာတွင် ဂြိုဟ်ရံလတစ်စင်းသာရှိသည်။ ကမ္ဘာသည် နေကို ၃၆၅.၂၅၆၄ ရက်တွင် တစ်ကြိမ် လှည့်ပတ်နေပြီး ၎င်းကိုပင် တစ်နှစ်ဟုသတ်မှတ်ကြသည်။ ရေဒီယို မက်ထရစ်ရက်စွဲဖြင့် သက်တမ်းဖော်ထုတ်နည်း (Radiometric dating) အရ[n 4] ကမ္ဘာသည် သက်တမ်းအားဖြင့် နှစ်ပေါင်း ၄.၅၄ ဘီလီယံ အကြာက ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။[22][23][24] နေသည် ကမ္ဘာအား ထွန်းလင်းရန် အလင်းရောင်နှင့် အပူချိန်ကိုပေးသည်။ ၎င်းအပူစွမ်းအင်ကြောင့် ကမ္ဘာကြီး၏ အောက်ဆုံးလေထုလွှာတွင် ရာသီဥတု (နေပူခြင်း၊ လေတိုက်ခြင်း၊ မိုးရွာခြင်း၊ နှင်းကျခြင်း၊ မုန်တိုင်းတိုက်ခြင်း) အခြေအနေများ ဖြစ်ပေါ်လာသည်။ ကမ္ဘာတွင် ရေပါဝင်မှု ၇၁% နှင့်[25] ကုန်းမြေ ၂၉% ခန့်ရှိသည်။ ကမ္ဘာ၏ ဝင်ရိုးစွန်းဒေသများကို ရေခဲများဖြင့် ဖုံးလွှမ်းထားသည်။ အပူပိုင်းဒေသတွင် ဝင်ရိုးစွန်းဒေသထက် နေရောင်ခြည်စွမ်းအင်ကို ပိုမိုရရှိပြီး လေထု၊ သမုဒ္ဒရာရေစီးကြောင်းများဖြင့် အပူကို ဖြန့်ဖြူးပေးသည်။ မှန်လုံအိမ်ဓာတ်ငွေ့သည် ကမ္ဘာ့မျက်နှာပြင်အပူချိန်ကို ထိန်းသိမ်းပေးရန် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိသည်။ ဒေသတစ်ခု၏ ရာသီဥတုကို ဆုံးဖြတ်ရာ၌ လတ္တီကျုကိုသာမက ပင်လယ်ရေမျက်နှာပြင်အမြင့်၊ သမုဒ္ဒရာများနှင့် နီးကပ်မှု အစရှိသည်တို့ကိုပါ အသုံးပြုသည်။ အပူပိုင်း ဆိုင်ကလုန်းများ၊ မိုးကြိုးမုန်တိုင်းများ၊ အပူလှိုင်းဖြတ်ခြင်းစသော ပြင်းထန်သည့်ရာသီဥတုများသည် နေရာဒေသအများစုတွင် ဖြစ်ပေါ်လေ့ရှိပြီး သက်ရှိများအပေါ် ကြီးမားစွာ သက်ရောက်သည်။ ကမ္ဘာသည် နေအဖွဲ့အစည်းအတွင်း သက်ရှိများနေထိုင်နိုင်သော တစ်ခုတည်းသော ဂြိုဟ်ဖြစ်သည်။ သက်ရှိမျိုးစိတ်ပေါင်း ၁၀-၁၄ မီလီယံခန့် နေထိုင်ကြပြီး[26] လူသားမျိုးနွယ်မှာ အရေအတွက်အားဖြင့် ၇.၆ ဘီလီယံခန့်ဖြစ်သည်။ အနီးရှိ ကြာသပတေးဂြိုဟ်၏ ပြင်းထန်သော ဒြပ်ဆွဲငင်အားက ကမ္ဘာကို ဥက္ကာပျံများနှင့် တိုက်မိနိုင်ချေမှ အတန်အသင့် အကာအကွယ်ပေးနေသည်ဟု ယူဆထားသည်။ ကမ္ဘာ ဖွဲ့တည်ပြီး ပထမ ဘီလီယံနှစ်များတွင် သက်ရှိဇီဝသည် ပင်လယ်သမုဒ္ဒရာ၌ စတင်ရှင်သန်ခဲ့ပြီး ကမ္ဘာ့လေထုနှင့် ကုန်းမြေများကို အကျိုးသက်ရောက်ခဲ့ကာ လွန်ခဲ့သောနှစ်ပေါင်း ၄.၁ ဘီလီယံမှစ၍ သက်ရှိတို့ ရှင်သန်ပေါက်ဖွားခဲ့ဟန် ရှိသည်။[27][28] ကမ္ဘာမြေ၏သမိုင်းတွင် မျိုးသုဉ်းမှုဖြစ်ရပ်များကြောင့် သက်ရှိမျိုးစိတ် ၉၉ ရာခိုင်နှုန်း[29] ပျက်စီးပျောက်ကွယ်ခဲ့ဖူးသည်။[30][31] ယနေ့တိုင် တည်ရှိသော ခန့်မှန်းခြေ မျိုးစိတ်များမှာ ကျယ်ပြန့်လှကာ[32][26][33] မျိုးစိတ်အများစုကို သိပ္ပံနည်းကျ ဖော်ပြထားနိုင်ခြင်း မရှိသေးပေ။[34] ကမ္ဘာပေါ်တွင် လူသားများ ၈ ဘီလီယံနီးပါးခန့် နေထိုင်ကြပြီး အသက်ရှင်သန်ရေးအတွက် ကမ္ဘာ၏ ဇီဝအလွှာ (biosphere) နှင့် သဘာဝရင်းမြစ်များပေါ်တွင် မှီခိုကြရသည်။
"အပြာရောင်ပုလဲလုံး" ဟု အမည်ရသည့် ကမ္ဘာဂြိုဟ်အား ၁၉၇၂ ခုနှစ်တွင် အပိုလို ၁၇ မှ ရိုက်ကူးခဲ့သည်။ | |||||||||||||||||
ပတ်လမ်း ဂုဏ်အင်များ | |||||||||||||||||
---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|---|
Epoch J2000[n 1] | |||||||||||||||||
အဝေးဆုံးပတ်လမ်း | [n 2] | ||||||||||||||||
အနီးဆုံးပတ်လမ်း | ၁၄၇,၀၉၅,၀၀၀ km (၉၁,၄၀၁,၀၀၀ mi) [n 2](7011147094903845957♠0.9832687 AU) | ||||||||||||||||
ဆီမီး မေဂျာ ဝင်ရိုး | |||||||||||||||||
ပတ်လမ်း ဗဟိုကျမှု | 6998167086000000000♠0.0167086[1] | ||||||||||||||||
ပတ်လမ်း ကာလ | |||||||||||||||||
ပျမ်းမျှ ပတ်နှုန်း | |||||||||||||||||
ပျမ်းမျှ မူမမှန်မှု | 7002358617000000000♠358.617° | ||||||||||||||||
ပတ်လမ်း တိမ်းစောင်းမှု |
| ||||||||||||||||
Longitude of ascending node | 2998887393600000000♠−11.26064°[3] to J2000 ecliptic | ||||||||||||||||
Argument of perihelion | 7002114207830000000♠114.20783°[3] | ||||||||||||||||
ဂြိုဟ်ရံလများ |
| ||||||||||||||||
ရုပ်ပိုင်းဆိုင်ရာ ဂုဏ်အင်များ | |||||||||||||||||
ပျမ်းမျှ အချင်းဝက် | ၆,၃၇၁.၀ km (၃,၉၅၈.၈ mi)[5] | ||||||||||||||||
အီကွေတာ အချင်းဝက် | ၆,၃၇၈.၁ km (၃,၉၆၃.၂ mi)[6][7] | ||||||||||||||||
ဝင်ရိုးစွန်း အချင်းဝက် | ၆,၃၅၆.၈ km (၃,၉၄၉.၉ mi)[8] | ||||||||||||||||
ပြားချပ်မှု | 6997335280000000000♠0.0033528[9] 1/298.257222101 (ETRS89) | ||||||||||||||||
စက်ဝန်းမျဉ်း | |||||||||||||||||
မျက်နှာပြင် ဧရိယာ | |||||||||||||||||
ထုထည် | 7021108320999999999♠1.08321×1012 km3 (7011259876000000000♠2.59876×1011 cu mi)[3] | ||||||||||||||||
ဒြပ်ထု | 7024597237000000000♠5.97237×1024 kg (7024597236001731600♠1.31668×1025 lb) (7024596565000000000♠3.0×10−6 M☉) | ||||||||||||||||
ပျမ်းမျှ သိပ်သည်းဆ | ၅.၅၁၄ g/cm3 (၀.၁၉၉၂ lb/cu in)[3] | ||||||||||||||||
မျက်နှာပြင် ဒြပ်ဆွဲအား | ၉.၈၀၇ m/s2 (၃၂.၁၈ ft/s2)[14] (7000100000000000000♠1 g) | ||||||||||||||||
အင်နားရှားကိန်း | 0.3307[15] | ||||||||||||||||
လွတ်မြောက်အလျင် | ၁၁.၁၈၆ km/s (၆.၉၅၁ mi/s)[3] | ||||||||||||||||
ဘေးဘက် လှည့်ပတ်ကာလ | |||||||||||||||||
အီကွေတာ လည်ပတ်မှု အလျင် | ၁,၆၇၄.၄ km/h (၁,၀၄၀.၄ mph)[17] | ||||||||||||||||
ဝင်ရိုးတိမ်းစောင်းမှု | 23.4392811°[2] | ||||||||||||||||
Albedo | |||||||||||||||||
| |||||||||||||||||
လေထု | |||||||||||||||||
မျက်နှာပြင် လေထုဖိအား | 7005101325000000000♠101.325 kPa (ပင်လယ်ရေမျက်နှာပြင်အမှတ်) | ||||||||||||||||
လေထု၌ ဓာတုပါဝင်နှုန်း |
|