![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/56/Tumor_Mesothelioma2_legend.jpg/640px-Tumor_Mesothelioma2_legend.jpg&w=640&q=50)
ကင်ဆာရောဂါ
From Wikipedia, the free encyclopedia
ကင်ဆာရောဂါ (/ˈkænsər/ ( နားဆင်)) (ဆေးပညာ ဝေါဟာရ: ကင်ဆာအကျိတ် - malignant neoplasm) သည် ရောဂါအဖွဲ့အစည်းတစ်ခု ဖြစ်သည်။ ၎င်းတွင် ထိန်းချုပ်၍မရသော ကြီးထွားလာမှု၊ ကျူးကျော်ဝင်ရောက်ကာ နီးစပ်ရာ တစ်ရှူးများကို ဖျက်ဆီးသည့် ထိုးဖောက်ဝင်ရောက်မှုနှင့် တစ်ခါတရံတွင် အခြားကိုယ်အင်္ဂါအစိတ်အပိုင်းသို့ ကင်ဆာဆဲ(လ်) ပြန့်ပွားခြင်း၊ သို့မဟုတ် သွေးပြန်ရည်(လင့်ဖ်) သို့မဟုတ် သွေးမှတဆင့် ခန္ဓာကိုယ်ရှိ အခြားနေရာများသို့ ပျံ့နှံ့ခြင်းတို့ကို ဖော်ပြသည့် ဆဲ(လ်)အုပ်စု တစ်ခုပါရှိသည်။ ဤ ကင်ဆာရောဂါ၏ အန္တရာယ်ပေးသော ကင်ဆာဂုဏ်သတ္တိ သုံးမျိုးသည် ထိုးဖောက်ဝင်ရောက်ခြင်း သို့မဟုတ် ကင်ဆာဆဲ(လ်)ပြန့်ပွားခြင်းမရှိသော ကင်ဆာမဟုတ်သည့် အကျိတ်များနှင့် ကွဲပြားခြားနားပါသည်။
ကင်ဆာရောဂါ | |
---|---|
Synonyms | malignant tumor, malignant neoplasm |
![]() | |
A coronal CT scan showing a malignant mesothelioma Legend: → tumor ←, ✱ central pleural effusion, 1 & 3 အဆုတ်များ, 2 spine, 4 ribs, 5 aorta, 6 သရက်ရွက်, 7 & 8 ကျောက်ကပ်များ, 9 အသည်း. | |
အသံထွက် | |
အထူးပြု | Oncology |
တနည်းဆိုရသော် ကိုယ်ခန္ဓာ အစိတ်အပိုင်း အမျိုးမျိုးတွင် ဘေးအန္တရာယ် အဆိပ်အတောက် ဖြစ်စေသော ကြီးပွားခြင်း တစ်မျိုးကို ခြုံ၍ခေါ်ဆိုသည်။ ထိုကြီးပွားမှုမှာ ခန္ဓာကိုယ်ကို လောင်ကျွမ်း ပြုန်းတီးစေရန်သာ ဖြစ်၍ ပတ်ဝန်းကျင်ကို စားသွားတတ်သည်။ အရေပြား၊ အကြိတ်နှင့် အတွင်းအင်္ဂါ အပေါ်ယံအမြေးများတွင်လည်းကောင်း၊ ကြွက်သား၊ အရိုးနှင့် အသားအမျှင်များတွင်လည်ကောင်း ဖြစ်ပွားတတ်သည်။ တစ်နည်းအားဖြင့် ညောင်မြစ်သဖွယ်တွယ်၍ သွေးသားခန္ဓာကို ဖျက်စီးစားသောက်သော မှိုတက်နာ တစ်မျိုးဖြစ်သည်။ အစိတ်အပိုင်းအလိုက် အနာပဆုပ်၊ အနာဖက်ခွက် စသည်ဖြင့် ခေါ်တွင်ကြသည်။[1]