![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/2/20/Kachin_Independence_Army_flag.svg/langmy-640px-Kachin_Independence_Army_flag.svg.png&w=640&q=50)
ကချင်လွတ်မြောက်ရေးတပ်မတော်
မြန်မာနိုင်ငံ၏တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ / From Wikipedia, the free encyclopedia
ကချင်လွတ်မြောက်ရေး တပ်မတော် (အင်္ဂလိပ်: Kachin Independence Army; ကချင်: ShangLawt Hpyen; အတိုကောက် KIA)သည် ကချင်လွတ်လပ်ရေးအဖွဲ့၊ တပ်မတော် (KIO) အဖွဲ့၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သည်။ ၁၉၆၁-ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး ၁၉၉၄-ခုနှစ်တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆို၍ နှစ်ဘက် အပစ်အခတ် ရပ်စဲခဲ့သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် | |
---|---|
မြန်မာ့ပြည်တွင်းပဋိပက္ခများတွင် ပါဝင် | |
![]() ကချင်လွတ်မြောက်ရေးတပ်မတော်၏ အလံတော် | |
လှုပ်ရှား | ၁၉၆၁ (၁၉၆၁)–လက်ရှိ |
ခံယူချက် | ကချင်အမျိုးသားရေး ဖက်ဒရယ်ပြည်ထောင်စုစနစ် |
ဦးဆောင်သူများ | ဒုဗိုလ်ချုပ်ကြီး ဆွမ်လွတ် ဂွမ်မော် |
ဌာနချုပ် | လိုင်ဇာမြို့၊ ကချင်ပြည်နယ် |
လှုပ်ရှားသည့် ဧရိယာ | ကချင်ပြည်နယ်၊ မြန်မာနိုင်ငံ ယူနန်ပြည်နယ်၊ တရုတ်နိုင်ငံ အိန္ဒိယ အရှေ့မြောက်ပိုင်း |
အင်အား | ၁၀,၀၀၀–၁၂,၀၀၀[1] |
တစ်စိတ်တစ်ပိုင်း | ကချင်လွတ်လပ်ရေးတပ်မတော် |
မဟာမိတ် | မြန်မာပြည်မြောက်ပိုင်း မဟာမိတ်တပ်ဖွဲ့[2]
Other allies |
ပြိုင်ဘက် | |
တိုက်ပွဲနှင့် စစ်ပွဲများ | မြန်မာ့ပြည်တွင်းပဋိပက္ခများ |
အပစ်ရပ်ပြီးနောက်ပိုင်း ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်ရှိ (KIA) ထိန်းချုပ် ဒေသများတွင် စစ်ရေးပဋိပက္ခတချို့ ဖြစ်ပွားခဲ့သော်လည်း ငြိမ်းချမ်းရေး သဘောတူညီချက်ကို ၁၇ နှစ်ကြာ ထိန်းသိမ်းထားနိုင်ခဲ့သည်။ ၂၀၁၁-ခုနှစ်၊ ဇွန်လ ၉ ရက်နေ့မှ စတင်၍ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့ပြီး အပစ်အခတ် ရပ်စဲရေးလည်း ပျက်ပြားခဲ့ခြင်း ဖြစ်သည်။ စစ်ဦးစီးချုပ်မှာ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော် ဖြစ်သည်။
ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ကို ၁၉၆၁ ဖေဖော်ဝါရီ ၅ရက်တွင် ရှမ်းပြည်မြောက်ပိုင်း တွင် စတည်ဖွဲ့စည်းခဲ့ပြီး ဌာနချုပ်ကို ထိုင်းနိုင်ငံ ချင်းမိုင်း တွင်ထားရှိခဲ့သည်။ ပထမဆုံး (KIA) စစ်ဦးစီးချုပ်မှာ လထော်ဇော်ဆိုင်း ဖြစ်သည်။ ၁၉၇၀ အစောပိုင်း ကာလများ၌ (KIA) သည် ဗကပ၊ မဆလ များနှင့်ရင်ဆိုင်တိုက်ခိုက်ခဲ့ရသည်။ နောက်ပိုင်းတွင် ဗကပနှင့် မဟာမိတ်ဖွဲ့ပြီး တရုတ်ပြည် ကွန်မြူနစ်ထံမှ လက်နက်အကူအညီ ရယူကာ တပ်မတော်အား တိုက်ခိုက်ခဲ့ကြသည်။ ၁၉၉၄တွင် စစ်အစိုးရနှင့် အပစ်ခတ်ရပ်စဲပြီးနောက် ဒေသတွင်း ဖွံဖြိုးရေးများ၊ မူယစ်ဆေးဝါး တိုက်ဖျက်ရေး စစ်ဆင်ဆင်ရေးများ ပြုလုပ်ခဲ့ကြသည်။ ၂၀၀၉ခုနှစ်တွင် အစိုးရ၏ လက်နက်ကိုင်များ နယ်ခြါးစောင့်တပ် (BGF) အဖြစ် အသွင်ပြောင်းခြင်းတွင် သဘောတူညီမှု မရခဲ့ပေ။ ထိုစဉ်မှ စစ်ရေး တင်းမာမှုများ ရှိခဲ့ကြပြီး ၂၀၁၁တွင် ၁၇နှစ်ကြာ အပစ်ခတ်ရပ်စဲရေး မှာ ပျက်သုန်းခဲ့ပြီး ပြည်တွင်းစစ်များ ဖြစ်ပွားခဲ့သည်မှာ ယနေ့တိုင် ဖြစ်သည်။