Wikimedia Commons
အခမဲ့မီဒီယာသိုလှောင်ရုံ / From Wikipedia, the free encyclopedia
မြန်မာဘာသာဖြင့် သင့်လျော်သော အမည်မရှိသေးသောကြောင့် ဤဆောင်းပါးခေါင်းစဉ်ကို အခြားဘာသာစကား / စာဖြင့် ရေးသားထားခြင်း ဖြစ်သည်။
Wikimedia Commons (သို့မဟုတ် Commons) သည် လွတ်လပ်စွာ အသုံးပြုနိုင်သော ပုံများ၊ အသံများနှင့် အခြားသော မီဒီယာဖိုင်များကို စုဆောင်းထားရှိသည့် အွန်လိုင်းပြတိုက်ကြီးတစ်ခုဖြစ်ကာ[2] ဝီကီမီဒီယာ ဖောင်ဒေးရှင်း၏ ပရောဂျက်တစ်ခု ဖြစ်သည်။
အချက်တိုများ ဝဘ်ဆိုဒ် အမျိုးအစား, ပိုင်ဆိုင်သူ ...
ဝဘ်ဆိုဒ် အမျိုးအစား | မီဒီယာ ဘဏ်တိုက် |
---|---|
ပိုင်ဆိုင်သူ | ဝီကီမီဒီယာ ဖောင်ဒေးရှင်း |
ဖန်တီးသူ | Wikimedia community |
ဝဘ်ဆိုဒ် | commons.wikimedia.org |
Alexa အဆင့် | ၂၅၅ (၂၀၁၆ နိုဝင်ဘာ အထိ)[1] |
စီးပွားရေး | မရှိ |
မှတ်ပုံတင်ခြင်း | Optional (ဖိုင်တင်ရန်အတွက် လိုအပ်) |
ပိတ်ရန်
Wikimedia Commons တွင်ရှိသော ဖိုင်များကို ဝီကီပီးဒီးယား၊ ဝီကီစာအုပ်၊ ဝီကီခရီးသွား၊ ဝီကီမျိုးစိတ်၊ ဝီကီရင်းမြစ်၊ နှင့် ဝီကီသတင်း စသည့် ဝီကီမီဒီယာ ပရောဂျက်များအားလုံးတွင် အသုံးပြုနိုင်သည်။[3] ၂၀၁၈ ခုနှစ်တွင် Wikimeia Commons ပေါ်တွင် မီဒီယာဖိုင်ပေါင်း ၄၈ သန်းကျော် ရှိနေပြီဖြစ်သည်။[4] ၂၀၁၃ ခုနှစ် ဇူလိုင်လ၌ Commons တွင် တည်းဖြတ်မှုအကြိမ်ရေပေါင်း ၁၀၀,၀၀၀,၀၀၀ သို့ ရောက်ရှိခဲ့သည်။[5]