Foxconn
From Wikipedia, the free encyclopedia
Hon Hai Precision Industry Co., Ltd. ("Foxconn Technology Group" ဟူသည့် အမည်ဖြင့် ကုန်သွယ်မှုဆောင်ရွက်ပြီး "Foxconn" ဟူသည့် အမည်ဖြင့် လူသိများသည်) သည် လျှပ်စစ်ပစ္စည်းထုတ်လုပ်သည့် ထိုင်ဝမ်ကုမ္ပဏီတစ်ခု ဖြစ်သည်။ ရုံးချုပ်မှာ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့တော်၊ နယူးတိုင်ပေ၊ Tucheng တွင် တည်ရှိသည်။ ၂၀၁၀ ခုနှစ်တွင် ဤကုမ္ပဏီသည် ကမ္ဘာပေါ်ရှိ အီလက်ထရောနစ်ထုတ်လုပ်ရေးဝန်ဆောင်မှုများအတွက် ကမ္ဘာ့အကြီးဆုံး ထောက်ပံ့သူ ဖြစ်ခဲ့ပြီး[3] ဝင်ငွေအားဖြင့် ကမ္ဘာပေါ်တွင် လေးခုမြောက်အကြီးဆုံး နည်းပညာကုမ္ပဏီတစ်ခုလည်း ဖြစ်ခဲ့သည်။[4] ထိုင်ဝမ်တွင် ရုံးချုပ်တည်ရှိသော်လည်း ကုမ္ပဏီသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကြီးဆုံးပုဂ္ဂလိကလုငန်းတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်ရှိ အကြီးဆုံး လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။[5][6] Terry Gou သည် ကုမ္ပဏီကို တည်ထောင်သူနှင့် ယခင်ဥက္ကဋ္ဌလည်း ဖြစ်သည်။
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား InternetArchiveBot (ဆွေးနွေး | ပံ့ပိုး) မှ ၃ လ အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
A Foxconn factory in the Czech Republic | |
အမျိုးအစား | Public |
---|---|
လုပ်ငန်း | Electronics |
တည်ထောင်သည့်နှစ် | ၂၀ ဖေဖော်ဝါရီ ၁၉၇၄; ၅၀ နှစ် အကြာက (၁၉၇၄-၀၂-20) (as Hon Hai Precision Industry Co., Ltd.) |
တည်ထောင်သူများ | Terry Gou |
ဌာနချုပ် | Tucheng District, New Taipei, Taiwan |
ဝန်ဆောင်မှု ဧရိယာ | Worldwide |
အရေးပါ ပုဂ္ဂိုလ်များ | Young Liu (Chairman and President) |
ထုတ်ကုန်ပစ္စည်း | Electronics, electronic components, PCBs, PCB components, computer chips. |
ဝန်ဆောင်မှု | Electronics manufacturing services |
ဝင်ငွေ | NT$5.33 trillion (2019)[1] |
အခွန်မဆောင်မီ ဝင်ငွေ | NT$114.9 billion (2019)[1] |
အသားတင် ဝင်ငွေ | NT$132.19 billion (2019)[1] |
ရင်းနှီးမြှုပ်နှံမှု | NT$3.029 trillion (2019)[1] |
စုစုပေါင်း ရှယ်ယာတန်ဖိုး | NT$1.240 trillion (2019)[1] |
အလုပ်သမားဦးရေ | 1,290,000 (2020)[2] |
ကုမ္ပဏီခွဲ |
|
ဝက်ဘ်ဆိုက် | honhai.com/en-us/ |
Foxconn | |||||||
ရိုးရာ တရုတ် | 鴻海精密工業股份有限公司 | ||||||
---|---|---|---|---|---|---|---|
ရိုးရှင်းသော တရုတ် | 鸿海精密工业股份有限公司 | ||||||
ဆိုလိုရင်း | Hon Hai Precision Industry Co., Ltd. | ||||||
| |||||||
Trading name | |||||||
ရိုးရာ တရုတ် | 富士康科技集團 | ||||||
ရိုးရှင်းသော တရုတ် | 富士康科技集团 | ||||||
ဆိုလိုရင်း | Foxconn Technology Group | ||||||
|
Foxconn သည် အမေရိကန်၊ ကနေဒါ၊ တရုတ်၊ ဖင်လန်၊ ဂျပန်စသည့် နိုင်ငံများရှိ ကုမ္ပဏီများသို့ လျှပ်စစ်ပစ္စည်းများကို ထောက်ပံ့ပေးလျက်ရှိသည်။ Foxconn မှ ထုတ်လုပ်သည့် ထင်ရှားသည့် ထုတ်ကုန်များတွင် BlackBerry,[7] iPad,[8] iPhone, iPod,[9] Kindle,[10] GameCube မှစတင်၍ Nintendo ဂိမ်းစနစ်အားလုံး (နောက်ပိုင်း Nintendo DS models များမှလွဲ၍)၊ Nokia စက်ပစ္စည်များ, Sony စက်ပစ္စည်းများ (PlayStation 3 and PlayStation 4 gaming consoles အပါအဝင်), Google Pixel devices, Xiaomi devices, မိုက်ခရိုဆော့၏ ပထမဆုံးသော Xbox console ကို ဆက်ခံသည့် ကိရိယာများအားလုံး,[11] motherboard အချို့တွင် အသုံးပြုသည့် အမျိုးမျိုးသော TR4 CPU socket များအပါအဝင် အမျိုးမျိုးသော CPU socket များ စသည်တို့ ပါဝင်သည်။ ၂၀၁၂ ခုနှစ်တွင် Foxconn စက်ရုံများမှ ခန့်မှန်းခြေ ကမ္ဘာတစ်ဝန်းလျှပ်စ္စည်းများသုံးစွဲမှု၏ ၄၀ ရာခိုင်နှုန်းကို ထုတ်လုပ်ခဲ့သည်။[12]