From Wikipedia, the free encyclopedia
၁၉၆၅ အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပွဲတော် သည် မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ၁၉၆၅ ခုနှစ် ဒီဇင်ဘာ ၁၄ ရက်မှ ၂၁ ရက်နေ့အထိ ကျင်းပခဲ့သော တတိယအကြိမ်မြောက် အရှေ့တောင်အာရှကျွန်းဆွယ် အားကစားပြိုင်ပွဲ ဖြစ်သည်။
ကျင်းပရာမြို့ | ကွာလာလမ်ပူမြို့ | ||
---|---|---|---|
ပါဝင်သော နိုင်ငံများ | ၇ | ||
ဖွင့်ပွဲအခမ်းအနား | ၁၄ ဒီဇင်ဘာ | ||
ပိတ်ပွဲအခမ်းအနား | ၂၁ ဒီဇင်ဘာ | ||
တရားဝင်ဖွင့်လှစ်ပေးခဲ့သူ | Ismail Nasiruddin of Terengganu (ဘုရင်) | ||
အဓိကအားကစားကွင်း | မာဒေးကား အားကစားကွင်း | ||
|
မူလက လက်ခံကျင်းပမည့် လာအိုနိုင်ငံမှာ နိုင်ငံရေးပြဿနာများကြောင့် မူလက ကျင်းပမည့် ၁၉၆၃ ခုနှစ်တွင် ကျင်းပနိုင်ခြင်းမရှိဘဲ ၁၉၆၅ ခုနှစ်တွင် မလေးရှားနိုင်ငံမှ တတိယအကြိမ် အားကစားပွဲအဖြစ် ကျင်းပခြင်းဖြစ်သည်။ မလေးရှားနိုင်ငံအနေဖြင့် ပထမဆုံးအကြိမ်လက်ခံကျင်းပခြင်းဖြစ်ပြီး ထိုင်း၊မြန်မာပြီးနောက် တတိယမြောက် အိမ်ရှင်နိုင်ငံဖြစ်သည်။
မလေးရှားနိုင်ငံဘုရင် Ismail Nasiruddin of Terengganuမှ မာဒေးကားအားကစားကွင်းတွင် အားကစားပွဲတော်အား ဖွင့်လှစ်ပေးခဲ့သည်။
နိုင်ငံအသီးသီးမှ ဝင်ရောက်ယှဉ်ပြိုင်သူ ၉၆၃ဦးရှိခဲ့သည်။ ထိုင်း၊ မလေးရှား၊ စင်ကာပူတို့မှ နိုင်ငံအလိုက် ပထမ၊ ဒုတိယနှင့် တတိယ ရရှိခဲ့သည်။
အားကစားနည်းပေါင်း ၁၄မျိုးပါဝင်ခဲ့သည်။
* အိမ်ရှင်နိုင်ငံ
အဆင့် | နိုင်ငံ | ရွှေ | ငွေ | ကြေး | စုစုပေါင်း |
---|---|---|---|---|---|
၁ | ထိုင်း | ၃၈ | ၃၃ | ၃၅ | ၁၀၆ |
၂ | မလေးရှား* | ၃၃ | ၃၆ | ၂၉ | ၉၈ |
၃ | စင်ကာပူ | ၂၆ | ၂၃ | ၂၇ | ၇၆ |
၄ | မြန်မာ | ၁၈ | ၁၄ | ၁၆ | ၄၈ |
၅ | ကမ္ဘောဒီးယား | ၁၅ | ၁၉ | ၁၇ | ၅၁ |
၆ | တောင်ဗီယက်နမ် | ၅ | ၇ | ၇ | ၁၉ |
၇ | လာအို | ၀ | ၀ | ၂ | ၂ |
စုစုပေါင်း (၇ နိုင်ငံ) | ၁၃၅ | ၁၃၂ | ၁၃၃ | ၄၀၀ |
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.