၁၁ ရာစုနှစ်
ရာစုနှစ် / From Wikipedia, the free encyclopedia
၁၁ ရာစုနှစ် သည် ဂျူလီယန် ပြက္ခဒိန်အရ ၁၀၀၁ ခုနှစ်မှ ၁၁၀၀ အထိဖြစ်သည်။ ယင်းသည် ၂ ထောင်စုနှစ် ၏ ဒုတိယမြောက်ရာစုနှစ်ဖြစ်သည်။
ဤ အချိန်ကာလများသည် ဥရောပသမိုင်းများအရ အလယ်ခေတ်၏ အစပိုင်း ကာလများ ဖြစ်သည်ဟု ယူဆကြသည်။ ဘိုင်ဇန်တိုင်း (Byzantine) တို့၏ အာဏာ ရုတ်တရက် ကျဆင်းလာပြီး နော်မန်တို့က ဥရောပကို လွှမ်းမိုးလာခြင်းနှင့် အတူ ပုပ်ရဟန်းမင်းကြီးများမှာ ဥရောပ၏ ထင်ရှားသော အခန်းကဏ္ဍမှ ပါဝင်လာကြသည်။ ခရစ်ယာန်လောက (Christendom) အတွင်း ယခင်ရာစုနှစ်များက ရောမအနောက်နှင့် ဘိုင်ဇန်တိုင်းအရှေ့တို့ အကြား ရာစုနှစ်များတစ်လျှောက် တရားဝင် ကွဲလွဲမှုကြီး တစ်ခု ဖြစ်ပေါ်လာပြီး ယနေ့အထိ အကြီးဆုံး ဂိုဏ်းခွဲကြီး နှစ်ခုဖြစ်သော ရိုမန်ကတ်သလစ်ဘာသာနှင့် အရှေ့ ဩသဒေါ့စီ (Orthodoxy) တို့အဖြစ် ကွဲပြားသွားခဲ့ကြသည်။ အီတလီမြောက်ပိုင်းရှိ မြို့ပြများတွင် လူဦးရေ တိုးတက်လာမှုသည် အစောပိုင်းဖွဲ့စည်းထားသော အရင်းရှင် စနစ်နှင့် ၁၁ ရာစုနောက်ပိုင်း ထွန်းကားလာသော စီးပွားရေးယဉ်ကျေးမှုများကို ဖြစ်ပေါ်စေခဲ့သည်။ ဤ ၁၁ ရာစုသည် ကီရင်ဗင် ရေ့စ် (Kievan Rus) ၏ ရွှေခေတ်လည်း ဖြစ်ပေသည်။