၁၉၄၈ ဩဂုတ်လအတွင်း သောင်းကျန်းသူ ကွန်မြူနစ်တပ်များသည် အင်အားအလုံးအရင်းဖြင့် ရန်ကုန်မြို့ကိုတိုက်ခိုက်သိမ်းပိုက်ရန် ပြည်-ရန်ကုန်ကားလမ်းအတိုင်း ချီတက်လာရာ ၁၉-၄-၄၈ ည ၇ နာရီခန့်အချိန် နတ်တလင်းမြို့ အနီးရှိ ဖိုးသာအောင်ကုန်းတံတားတဘက်သို့အရောက်တွင် တပ်စွဲထားသော ပြည်ထောင်စုစစ်ရဲတပ်ရင်း(၂၁)၏ တပ်ရင်းမှူး ဗိုလ်မှူးအေးချိုသည် အင်အားအဆမတန်များပြားသော ရန်သူတို့အား မိမိအသက်ကိုပဓာနမထားပဲ ရွပ်ရွပ်ချွံချွံခုခံတိုက်ခိုက်နိုင်ခဲ့သဖြင့် သောင်းကျန်းသူကွန်မြူနစ်တပ်များ ဆက်လက်မချီတတ်နိုင်တော့ပဲ ပြန်လည်ဆုတ်ခွာသွားခဲ့ရသည်။
ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို | |
---|---|
ဗိုလ်မှူး အောင်ဆန်းသူရိယ အေးချို ၏ ပုံရိပ် | |
ကွယ်လွန် | ၂၁ ဩဂုတ်၊ ၁၉၄၈ |
သစ္စာခံနိုင်ငံ | မြန်မာ |
လက်နက်ကိုင်တပ် | မြန်မာ့ တပ်မတော် |
ရာထူးအဆင့် | ဗိုလ်မှူး |
ကိုယ်ပိုင်အမှတ် | ကြည်း ၅၁၈၀ |
တပ်ဖွဲ့ | ပြည်ထောင်စုစစ်ရဲတပ်ရင်း (၂၁) |
ဆုတံဆိပ်များ |
|
ဗိုလ်မှူးအေးချိုသည် ယင်းကဲ့သို့ ထူးကဲမြင့်မြတ်လှသော ရဲစွမ်းသတ္တိ၊ ကြံခိုင်သောစိတ်ဓာတ်တို့ဖြင့် ရွပ်ရွပ်ချွံချွံခုခံ တိုက်ခိုက်ရင်း ပြင်းထန်စွာ ဒဏ်ရာရရှိကာ ၁၉၄၈ ဩဂုတ်လ ၂၁ ရက်နေ့တွင် နိုင်ငံတော်အတွက် တာဝန်ကျေပွန်စွာ အသက်ပေးလှူသွားသူဖြစ်သည့်အလျှောက် နိုင်ငံတော်၏ ရဲစွမ်းသတ္တိဆိုင်ရာအမြင့်ဆုံးဖြစ်သော အောင်ဆန်းသူရိယဘွဲ့ကို အမိန့်အာဏာ ၁၀/အထူး/၅၀ ဖြင့် ပထမဆုံးချီးမြှင့်ခြင်းခံရသူဖြစ်သည်။
ဒီနေ့ခေတ်တွင် အောင်ဆန်းသူရိယ အေးချို၏ အမည်အား သူရဲကောင်းဗိမာန်၌ မော်ကွန်းတင်ကမ္ပည်းရေးထိုးထားရှိသည်။
ကိုးကား
Wikiwand in your browser!
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.