အီးမေးလ်သည် Electronic Mail ( အီလက်ထရောနစ် စာပို့ခြင်း) တစ်စုံတစ်ဦးထံတွင် အီလက်ထရောနစ် လိပ်စာ (Address) ရှိပါက ထိုသူထံသို့ ကွန်ပျူတာ ကွန်ရက်တစ်ခုအတွင်း (သို့တည်းမဟုတ်) အင်တာနက်ပေါ်ရှိ အင်တာနက် နက်ဝက်ကိုဖြတ်၍ ဒီဂျစ်တယ် နည်းပညာဖြင့် စာပို့ခြင်းကို ဆိုလိုသည်။ ယေဘူယျအားဖြင့် အသုံးပြုသူ တစ်ဦးတစ်ယောက်သည် ပေးပို့လိုက်သော အီးမေးလ်အား လက်ခံရာ၌ လိုအပ်သည့်သတင်း အချက်အလက် သာမက မလိုအပ်သော သတင်းအချက်အလက်များပါ ပါလာလျှင် ၎င်း မလိုအပ်သော် သတင်းလွှာကို Spam Mail ဟူ၍ ခေါ်ဆိုနိုင်သည်။[1] အီလက်ထရောနစ် စာပို့ခြင်းကို IT နယ်ပယ်တွင် သာမက အင်တာနက် ပေါ်၌ ဆက်သွယ်ရေးကိရိယာအဖြစ် တွင်ကျယ်စွာ အသုံးပြုနေကြသည်။ Internet Facility ထဲတွင် အသုံးအများဆုံးနှင့် ရေပန်းအစားဆုံးဝန်ဆောင်မှု တစ်ခုဖြစ်သည်။

Thumb
အီးမေးလ်အားလုံးအတွက် အီးမေးလ်လိပ်စာ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော at Sign
Thumb
အီလက်ထရောနစ် စာပို့စနစ်တစ်ခု၏ ကွန်ရက်ပုံ

အလုပ် လုပ်ပုံ

အီးမေလ်းပို့ရန်၊ လက်ခံရန်အတွက် အရိုးရှင်းဆုံးနည်းလမ်းမှာ အင်တာနက် ချိတ်ဆက်နိုင်သော ပစ္စည်း (ကွန်ပျူတာ၊ မိုဘိုင်းဖုန်း) ကဲ့သို့သော ကရိယာများနှင့် အီးမေးလ် ပရိုဂရမ် (Mailer) တို့သာလိုအပ်ပါသည်။ ၎င်းတိုအားလုံး အသက်ဝင် လှုပ်ရှားစေရန်အတွက် လိပ်စာပုံစံနှင့် အီးမေးလ်ပုံစံလိုအပ်သည်။ အီမေလ်းလိပ်စာပုံစံကို ယေဘုယျအားဖြင့် RFC 2822ဟုခေါ်၍ user@domain.com ပုံစံသည်။ အီလက်ထရောနစ် စာပို့စနစ်တွင် အများအားဖြင့် စာသားဖြင့် ပို့သော်လည်း တစ်ခါတစ်ရံ HTML ဖြင့် ပေးပို့လေ့ရှိကြသည်။ ကုပ္မဏီအချို့သည် ကျွန်ုပ်တို့အတွက် စာပို့ရန်နှင့် စာလက်ခံရန်အတွက် အင်တာနက်မှတဆင့် အသုံးပြုနိုင်ကြရန် ပြုလုပ်ထားသည်။ Gmail, Yahoomail,Hotmail တို့သည် အင်တာနက်မှတဆင့် ထိန်းချုပ်နိုင်သော အခမဲ့ ဝက်မေးဆာဗာများဖြစ်ကြသည်။

အခြားသော ဆက်သွယ်ရေးနည်းပညာများ နှင့် နှိုင်းယဉ်ပါက On Line ဖြစ်သဖြင့် ချက်ချင်းပို့လွှတ်ခြင်း (သို့မဟုတ်) လက်ခံယူခြင်းများအား လျင်မြန်စွာဆောင်ရွက်နိုင်ခြင်း၊ တစ်ချိန်တည်းအကြောင်းအရာတစ်ခုအား လက်ခံမည့်သူ အများအပြားထံ ပေးပို့နိုင်ခြင်း၊ စာများသာမက ရုပ်ပုံများကိုလည်း ပူးတွဲပေးပို့နိုင်ခြင်း၊ မိမိလက်ခံရမည့် စာအား အင်တာနက် ချိတ်ဆက်ထားသည့် မည်သည့်နေရာတွင်ရှိ ကွန်ပျူတာတွင်မဆို လက်ခံနိုင်ခြင်း၊ IPS သို့ Internet ဆောင်ရွက်ခသာ ပေးဆောင်ရပြီး အီးမေးလ်သုံးစွဲခ ထပ်မံပေးဆောင်ရန် မလိုအပ်ခြင်း(သို့သော် အချို့ အီလက်ထရောနစ် စာပို့စနစ်များတွင် လုံခြုံရေးအတွက် ပေးဆောင်ရသည်) ၊ အနီးအဝေး ဆက်သွယ်ရာတွင်လည်း တယ်လီဖုန်းကဲ့သို့ အဝေးပြောခ၊ အနီးပြောခနှုန်း ပေးဆောင်ရန် မလိုအပ်ခြင်းများ စသော ကုန်ကျစရိတ်သက်သာခြင်းများ သာလွန်ကောင်းမွန်သည်။[2]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.