အဝလောကိတေသွရ
From Wikipedia, the free encyclopedia
အဝလောကိတေသွရ(သင်္သကရိုက်: अवलोकितेश्वर၊ ပါဠိ: Avalokitesvara) သို့မဟုတ် ပဒ္မပါဏီ သို့မဟုတ် လောကနတ်ဟု အမည်နာမတော်ရှိသော ဗောဓိသတ်ဘုရားလောင်းသည် အတိုင်းအဆမရှိသည့် အနန္တမေတ္တာ၊အနန္တ ကရုဏာတော်တို့ကို ကိုယ်စားပြုသော ဘုရားလောင်းတစ်ဆူ ဖြစ်ပေသည်။ မဟာယာနနှင့် ဝဇီရာယန ဗုဒ္ဓဘာသာဂိုဏ်းများတွင် လွန်စွာ ထင်ရှားကျော်ကြားပြီး ကိုးကွယ်ပူဇော်သူလည်း များစွာ ရှိလေသည်။