![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/d/dc/3D_Spherical_2.svg/langmy-640px-3D_Spherical_2.svg.png&w=640&q=50)
ကိုဩဒိနိတ်စနစ်
အမှတ်တစ်ခုအား တည်နေရာ သတ်မှတ်သော စနစ် / From Wikipedia, the free encyclopedia
ဂျီဩမေတြီနှင့် ရူပဗေဒတို့ရှိ နေရာရပ်ဝန်းသဘော သို့မဟုတ် အချိန်+နေရာရပ်ဝန်း သဘော တမျိုးမျိုးကို သင်္ချာနည်းဖြင့် ကိုယ်စားပြုသည့် ကိုဩဒိနိတ်စနစ် (အင်္ဂလိပ်: Coordinate System) ဆိုသည်မှာ - ထို သမားရိုးကျ ယူကလစ်ဒ်ရပ်ဝန်းကဲ့သို့ ဖြစ်စေ နေရာရပ်ဝန်း (သို့မဟုတ် အချိန်+နေရာ သဘောပေါင်းလျက်ဖြစ်သော spacetime ဖြစ်အင်ထု) တခုခု အတွင်းရှိ တည်နေရာများ (သို့မဟုတ် ဖြစ်ပျက်ချိန် + ဖြစ်ပျက်နေရာ များ) တခုချင်းစီကို ကို ကိန်းဂဏန်း တစုံဖြင့် ဖော်ပြသွားရန် သုံးသည့် စနစ်တစ်ခုဖြစ်ပြီး၊ ထို ကိန်းစုံများမှာ ကိုဩဒိနိတ်များ ဖြစ်၏။[1][2] သို့ဖြင့် ကိုဩဒိနိတ်စနစ် တခုစီသည် မရေမတွက်နိုင်သော ကိုဩဒိနိတ်များ နေရာကြားလပ်မရှိ စုဝေးနေခြင်းသဘောဟု ဆိုနိုင်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/d/dc/3D_Spherical_2.svg/320px-3D_Spherical_2.svg.png)
မိမိ ကိုင်တွယ်စဉ်းစားနေသည့် နေရာရပ်ဝန်း (space) သဘောရား၌ တိုင်းကြောင်း (dimension) အရေအတွက် ပါသလောက်၊ မိမိ အသုံးပြုနေသော ကိုဩဒိနိတ်စနစ်၌ စံပြုပေတိုင် စိတ်ကူးမျဉ်းစုသဖွယ် ဝင်ရိုး အရေအတွက် ပါဝင်နေမည်။ ထိုကိုဩဒိနိတ်စနစ်၏ ကိုဩဒိနိတ်တစ်ခုစီတွင် စုံလိုက်စုံလိုက် ပါဝင်မည့် ကိန်း အရေအတွက်များလည်း ထိုအတိုင်းဖြစ်မည်။ ထိုကိန်းများကို ကိုဩဒိနိတ်များအဖြစ် စုံလိုက်ဖော်ပြရာ၌ ထိုကိန်းများ၏ အစဉ်လိုက်ဖြစ်မှုမှာ သတိပြု ရေးဖွယ်၊ ဖတ်ဖွယ် ဖြစ်သည်။ သာဓကအားဖြင့်၊ ၂-တိုင်းကြောင်းပါ (2-dimensional) ကာတက်စီးယန်း ကိုဩဒိနိတ်စနစ်တွင်၊ နှင့်
ဝင်ရိုးတို့ဖြင့် ဆွဲသားသော် (x, y) ဟူသည်မျိုး
ကို ပထမထား၊
ကို ဒုတိယထား ရေးရိုးရှိသည်။ တိုင်းကြောင်း ၃ခု ဖြစ်သွာလျှင်၊ (x, y, z) ဟု ဆက်ဖြစ်အံ့။