အပြည်ပြည်ဆိုင်ရာ ယူနစ်စနစ်
မက်ထရစ်စနစ်၏ ခေတ်သစ်ပုံစံ / From Wikipedia, the free encyclopedia
အပြည်ပြည်ဆိုင်ရာ ယူနစ် စနစ် (International System of Units) သည် မက်ထရစ် စနစ် ၏ အပြည်ပြည်ဆိုင်ရာ ပုံစံ ဖြစ်သည်။ SI သည် ပြင်သစ်ဘာသာစကား Système International d'unitésမှ လာသော အတိုကောက် စကားလုံး ဖြစ်သည်။
မက်ထရစ် စနစ် သည် မီတာ၊ ကီလိုဂရမ် နှင့် စက္ကန့် တို့ အပေါ်တွင် အများ အားဖြင့် အခြေခံသည်။
မီတာ၊ ကီလိုဂရမ် နှင့် စက္ကန့် တို့ကို ပေါင်းစပ်၍ ယူနစ် အသစ်များ အဖြစ်သုံးသည်။ ဥပမာ ထုထည်၊ စွမ်းအင်၊ ဖိအား တို့ ကဲ့သို့ ဖြစ်သည်။
တစ်ခါတစ်ရံ ကျွန်ုပ်တို့ သည် ပိုများသော သို့ ပိုနည်းသော ပမာဏ ရှိ အတိုင်းအတာ များကို သုံးကြလေသည်။ ထိုအခါ စကားလုံးတစ်လုံး ၏ ရှေ့တွင် တစ်ခုခု ကို ဆက်၍ သုံးခြင်းဖြစ်သော ရှေ့ဆက်စကားလုံး များကို သုံးကြရသည်။ ရှေ့ဆက်စကားလုံး ကီလို− ဟူသည် အဆ ၁၀၀၀ ဖြစ်ပြီး မီလီ− သည် အဆ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်သည်။ ထို့ကြောင့် ကီလိုမီတာ ဟု ဆိုသော အခါ မီတာ ၁၀၀၀ ကို ဆိုလိုခြင်း ဖြစ်ပြီး မီလီဂရမ် ဟု ဆိုသော အခါ ၁ ဂရမ် ၏ ၁၀၀၀ ပုံ ၁ ပုံ ဖြစ်သည်။ ထိုရှေ့ဆက်စကားလုံးများကို အောက်ပါ ဇယားကွက်တွင် ကြည့်ရှုနိုင်သည်။