အန်နီမဲ
ဂျပန် အန်နီမေးရှင်း / From Wikipedia, the free encyclopedia
အန်နီမဲ (အင်္ဂလိပ်ဘာသာ- Anime)(ဂျပန်ဘာသာ- アニメ ) မှာ Animation ဟူသော စကားစု မှဆင်းသက်လာပြီး ဂျပန်နိုင်ငံတွင်စတင်တွင်ကျယ်ခဲ့သည်။ ထိုကြောင့်ယေဘူယျအားဖြင့် Anime ကို ဂျပန်ရိုးရာကာတွန်းများအဖြစ်လူသိများခဲ့သည်။ ကမ္ဘာပေါ်ရှိ အစောဆုံး Anime ကာတွန်းကို ၁၉၁၇ တွင်စတင်ပေါ်ပေါက်ခဲ့ပြီး ၁၉၆၀ ခုနှစ် နောက်ပိုင်းတွင် ဂျပန် Anime ကာတွန်းဆရာ ကြိုးပမ်းအားထုတ်မှုကြောင့် တဖြည်းဖြည်းတိုးတက်လာကာ ဂျပန်နိုင်ငံပြင်ပတိုင်အောင် ထင်ရှားကျော်ကြားလာခဲ့ပါတယ်။ Howl' moving castle, millionaire detective, Black Butler, the light of firefly forest, wolf children,Naruto,One Piece and Conan တွေကနာမည်ကြီးတဲ့ကားတွေပါ Anime နဲ့အလားတူ Manga ဟာလည်း Anime နည်းတူ ဂျပန်နိုင်ငံတွင်းသာ မက တကမ္ဘာလုံးတိုင်အောင် ကျော်ကြားခဲ့ပါတယ်။ ထုတ်လုပ်သူများ တဆင့်ပြန်လွင့်သူများကနေတစ်ဆင့် ကမ္ဘာတစ်ဝန်းလုံးရှိ တယ်လီဗေရှင်းရှပ်သံလွင့်အစီအစဉ်များ တွင်လည်းကောင်း ဗီဒီယိုများတွင်လည်းကောင်း အွန်လိုင်းပေါ်တွင်ပါ ထင်ရှားလာခဲ့ပါတယ်။ Anime များတွင် လက်နဲ့ဆွဲသော Anime များသာမက ကွန်ပျုတာဖြင့်ဆွဲသော Anime များပါရှိကြသည်။ အဆိုပါ Anime များကို တယ်လီဗေးရှင်းအစီအစဉ်ဇာတ်လမ်းတွဲများအဖြစ်သော်လည်းကောင်း၊ ရုပ်ရှင်ဇာတ်လမ်းတွဲများအဖြစ်သော်လည်းကောင်း ၊ ဗီဒီယိုဂိမ်းများအဖြစ်သော်လည်းကောင်း စီးပွားရေးအရပါ အင်တာနက်ပေါ်တွင် ကြည့်ရှုလာကြသည်။ မကြာသေးမှီ အချိန်ကာလအတွင်းတွင် Anime များသည် ကမ္ဘာအရှေ့ပိုင်းနှင့် အရှေ့တောင်အာရှ များတွင် အထူးကျော်ကြားလာခဲ့သည်။