![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/b/ba/Istanbul_collage_5j.jpg/640px-Istanbul_collage_5j.jpg&w=640&q=50)
အစ်စတန်ဘူလ်မြို့
From Wikipedia, the free encyclopedia
အစ္စတန်ဘူလ်မြို့ကို သမိုင်းတွင် ဘိုင်ဇန်တီယန် နှင့် ကွန်စတန်တီနိုပယ်လ် ဟု သိရှိကြပြီး တူရကီနိုင်ငံတွင် အကြီးဆုံးမြို့ ဖြစ်သည်။ လူဦးရေ ၁၃.၁ သန်းရှိပြီး တူရကီလူဦးရေ၏ ၁၇.၈ ရာခိုင်နှုန်းမျှ ရှိသည်။ အစ္စတန်ဘူလ်သည် မက်ဂါမြို့တော် တစ်ခုဖြစ်ရုံသာမက တူရကီနိုင်ငံ၏ ယဉ်ကျေးမှု၊ စီးပွားရေး နှင့် ငွေကြေးဆိုင်ရာ အချက်အချာ နေရာတစ်ခုလည်း ဖြစ်သည်။ အစ္စတန်ဘူလ် နယ်ရှိ ခရိုင် ၃၉ ခုပါဝင်သည်။ ဘော့စ်ဖရပ် ရေလက်ကြားတွင် တည်ရှိပြီး ရွှေဦးချို သို့ ဂိုးလ်ဒင်းဟွန်းဟု သိရှိကြသည့် နိုင်ငံ၏ အနောက်မြောက်ဘက် ရှိ သဘာဝဆိပ်ကမ်းက ဝန်းရံထားသည်။ ဥရောပဘက်ခြမ်း သရေ့စ်မှ အာရှဘက်ခြမ်း အနာတိုလီယာ အထိ တည်ရှိသဖြင့် ကမ္ဘာပေါ်ရှိ မက်ထရိုပိုလစ်များတွင် အာရှနှင့် ဥရောပ နှစ်ခုစလုံးပါဝင်သည့် တစ်ခုတည်းသော မြို့ဖြစ်သည်။ အစ်စတန်ဘူလ်သည် ကမ္ဘာ့စီးပွားရေး အချက်အချာဖြစ်သည့် ကမ္ဘာ့ အလ်ဖာမြို့ (alpha world city) တစ်မြို့ အဖြစ်လည်း သတ်မှတ်ခြင်းခံရသည်။
အစ္စတန်ဘူလ် İstanbul | |
---|---|
မြို့တော် | |
![]() ထိပ်မှစ၍ လက်ယာရစ်: ဂါလာတာနှင့် ဆာရဂ်လီယိုပွိုင့်ကြားမှ သမိုင်းဝင်နေရာများ အပါအဝင် ရွှေဦးချို၏ မြင်ကွင်း၊ မေဒန် မျှော်စင်၊ ရှေးခေတ်ဟောင်း အောက်မေ့ဖွယ် ဓာတ်ရထားကို အစ္စတီကယ် ရိပ်သာလမ်း ပေါ်တွင် တွေ့ရစဉ်၊ လဲဗန့် စီးပွားရေး ဒေသနှင့် ဒိုမာဘာချီ နန်းတော်၊ အော်တာကွိုင်း ဗလီကို ဘော့စ်ဖိုးရပ်စ် တံတားရှေ့တွင် တွေ့ရပုံ၊ ဟာဂီယာ ဆိုဖီယာ ၏ မြင်ကွင်းပုံ | |
Coordinates: 41°01′N 28°58′E | |
နိုင်ငံ | တူရကီ |
ဒေသ | မာမရာ |
နယ်မြေ | အစ္စတန်ဘူလ် |
ရှည်လျားလှသော သမိုင်းကြောင်းတလျှောက်တွင် အစ္စတန်ဘူလ်သည် ရောမအင်ပါယာ (၃၃၀-၃၉၅)၊ အရှေ့ရောမ (ဘိုင်ဇန်တိုင်း) အင်ပိုင်ယာ (၃၉၅-၁၀၂၄ နှင့် ၁၂၆၁-၁၄၅၃)၊ လက်တင်အင်ပိုင်ယာ (၁၂၀၄-၁၂၆၁)၊ အော့တမန် အင်ပိုင်ယာ(၁၄၅၃-၁၉၂၂) တို့၏ မြို့တော် ဖြစ်ခဲ့သည်။ ၁၉၂၃ ခုနှစ် အောက်တိုဘာလ ၂၉ရက် တူရကီသမ္မတနိုင်ငံ တည်ထောင်သော အခါတွင် တူရကီအမျိုးသားလှုပ်ရှားမှု၏ ဌာနချုပ်အဖြစ်တည်ရှိခဲ့သော အန်ကာရာမြို့ကို တူရကီနိုင်ငံ၏ မြို့တော်အဖြစ် ရွေးချယ်သတ်မှတ်ခဲ့သည်။ အစ္စတန်ဘူလ်မြို့သည် ၂၀၁၀ခုနှစ် ဥရောပယဉ်ကျေးမှုမြို့တော်နှင့် ၂၀၁၂ ခု ဥရောပ၏ အားကစားမြို့တော်အဖြစ် ရွေးချယ်သတ်မှတ်ခြင်း ခံခဲ့ရသည်။ မြို့တော်အတွင်းရှိ သမိုင်းဝင် နေရာများကို ၁၉၈၅ခုနှစ်တွင် ယူနက်စကို၏ ကမ္ဘာ့အမွေခံနေရာများ စာရင်းတွင် ထည့်သွင်းသတ်မှတ်ခဲ့သည်။