အင်းဒင် (ရခိုင်)ရွာ
From Wikipedia, the free encyclopedia
From Wikipedia, the free encyclopedia
အင်းဒင် (ရခိုင်) ရွာ သည် မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ ရွာဖြစ်သည်။
အင်းဒင် (ရခိုင်) | |
---|---|
အင်းဒင်ရွာ အထက်တန်းကျောင်းခွဲ | |
အင်းဒင် (ရခိုင်) တည်နေရာ၊ မြန်မာ။ | |
ကိုဩဒိနိတ်: 20°30′46″N 92°34′48″E | |
နိုင်ငံ | မြန်မာ |
ပြည်နယ် | ရခိုင်ပြည်နယ် |
ခရိုင် | မောင်တောခရိုင် |
မြို့နယ် | မောင်တောမြို့နယ် |
ကျေးရွာအုပ်စု | အင်းဒင်[1] |
အချိန်ဇုန် | မြန်မာစံတော်ချိန် (UTC+6.30) |
လူဦးရေ ၆၀၀၀ ခန့် နေသည်။ အများစုမှာ ရခိုင်လူမျိုးဖြစ်သည်။ [2]
ဘင်္ဂလားပင်လယ်အော်သို့ မေယုမြစ်ဝင်ရာအနီး ကုလားတန်မြစ်ဝကျွန်းပေါ်ဒေသတွင် ရှိသည်။ [3] အနောက်ဘက်တွင် သံတွဲ၊ မြောက်ဘက်တွင် စစ်တွေမြို့တို့ ရှိပြီး မောင်တောမြို့မှာလည်း ရွာအနီးတွင်ပင် ဖြစ်သည်။
စပါးအဓိက စိုက်သော်လည်း ကွမ်းသီးစိုက်သူ၊ ငါးဖမ်းသူတို့လည်း ရှိသည်။ [4]
ထိုင်းနိုင်ငံမှ တိုယို အင်ဂျင်နီယာရင်းနှင့် ဖွံ့ဖြိုးရေးကော်ပိုရေးရှင်းက ကျောက်မီးသွေးသုံး ဓာတ်အားပေးစက်ရုံ တည်ရန် ပြင်သော်လည်း ဒေသခံများ ကန့်ကွက်သဖြင့် အစီအမံ ပျက်ဖူးသည်။ [4]
၂၀၁၇ ခု၊ စက်တင်ဘာလ ၁ ရက်၌ နယ်မြေလှည့်နေသော တပ်မတော်မှ လုံခြုံရေးအဖွဲ့ကို ရိုဟင်ဂျာ ၂၀၀ ခန့်က လူအင်အား အားကိုး၍ တိုက်သည်။ ထိုလူအုပ်အနက်မှ ၁၀ ယောက်ကို အရှင် ဖမ်းမိသည်။ ရဲစခန်းတွင်လည်း အခြေအနေ မငြိမ်သက်သည့်အတွက် သုဿာန်သို့ ခေါ်သွားစဉ် (ယခင်က ရွာသား ဦးမောင်နီကို ရိုဟင်ဂျာတို့က သတ်ဖူးသဖြင့်) ဦးမောင်နီ၏ သား ၂ ဦးနှင့် အခြား ၁ ဦးတို့က အဖမ်းဆီးခံ ရိုဟင်ဂျာတို့ကို ဓားနှင့် ခုတ်ကြ၍ ထွက်ပြေးသူတို့ကို တပ်ဖွဲ့ဝင်တို့က အသေပစ်ဖမ်းရကြောင်း တပ်မတော်ဘက်က ဆိုသည်။ [5]
ရိုက်တာသတင်းကမူ ထိုရွာသားများအကူအညီနှင့် အဆုံးစီရင်သည်ဟု ဖော်ပြသည်။ [6] နောင်တွင် အမှုမှန် ပေါ်ပေါက်သဖြင့် တပ်မတော်မှ အရာရှိ ၄ ဦး၊ အခြားအဆင့် ၃ ဦး၊ အရပ်သား ၁ ဦး ထောင်ဒဏ် အပြစ်ပေးခံရသည်။ ထိုကိစ္စကို ဖော်ထုတ်သော ရိုက်တာမှ သတင်းထောက် ကိုဝလုံးနှင့် ကိုကျော်စိုးဦးတို့က ပူလစ်ဇာဆု ရရှိခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.