အချုပ်အခြာအာဏာ
မိမိတိုင်းပြည်ကိုကိုယ်တိုင်အုပ်ချုပ်နိုင်ခြင်း / From Wikipedia, the free encyclopedia
အချုပ်အခြာအာဏာဆိုသည်မှာ တိုင်းပြည်တစ်ခုကို စည်းကမ်းနည်းလမ်းကျနစွာဖြင့် မောင်းနှင် ထိန်းသိမ်းနိုင်ရန် အတွက်၎င်း၊ ပြည်သူတို့၏ အကျိုးစီးပွားတိုးတက်မှုကို ကာကွယ်ရန်အတွက်၎င်း လိုအပ်သည့်အာဏာမျိုးဖြစ်သည်။ အချုပ်အခြာပိုင်ဆိုင်မှုရှိမှသာလျှင် မိမိတို့တိုင်းပြည်နှင့်လူမျိုး အကျိုးကိုဖော်ဆောင်နိုင်မည်ဖြစ်သည်။ အချုပ်အခြာ အာဏာပိုင်ခြင်းသည် လွတ်လပ်သော တိုင်းပြည်တစ်ပြည်၏ အဓိက ဝိသေသလက္ခဏာ တစ်ရပ်ပင် ဖြစ်သည်။ အချုပ်အခြာ အာဏာကို အပိုင်းသုံးပိုင်းဖြင့် ခွဲခြားသတ်မှတ်သည်။ထိုအရာကို အချုပ်အခြာ အာဏာဟုခေါ်သည်။