From Wikipedia, the free encyclopedia
အက်တမ် (Advancing Telecommunications of Myanmar) သည် ၂၀၂၂ ခုနှစ်မှ စတင်၍ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှု ပေးသော ဆက်သွယ်ရေးကုမ္ပဏီတစ်ခု ဖြစ်သည်။ ၂၀၂၁ ခုနှစ် မြန်မာနိုင်ငံ စစ်အာဏာသိမ်းမှုပြီးနောက် တယ်လီနော မြန်မာအား လက်ဘနွန်အခြေစိုက် M1 Group သို့ ရောင်းချခဲ့သည်။[1] ၂၀၂၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အက်တမ် ဟု အမည်ပြောင်းလဲခဲ့သည်။
ဤ ဆောင်းပါးသည် စိစစ်အတည်ပြုနိုင်ရန်အတွက် နောက်ထပ်ကိုးကားချက်များ လိုအပ်နေသည်။ |
တယ်လီနော မြန်မာ ကုမ္ပဏီသည် ၂၀၁၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ မြန်မာနိုင်ငံတွင် မိုဘိုင်းဝန်ဆောင်မှုပေးခဲ့သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုအပြီးတွင် "ကြားဖြတ် ဖမ်းယူစက်များ တပ်ဆင်ခြင်းကို နော်ဝေနှင့် နိုင်ငံတကာတွင် ပိတ်ဆို့ထားသည့် အတွက် တယ်လီနော အနေဖြင့် လက်ခံနိုင်စရာမရှိကြောင်း" တယ်လီနောက ဆိုခဲ့ကာ[2] ၂၀၂၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့တွင် တယ်လီနောမြန်မာ၏ လုပ်ငန်းများကို လက်ဘနွန်အခြေစိုက် M1 အုပ်စုအား အမေရိကန်ဒေါ်လာ ၁၀၅ သန်းဖြင့် ရောင်းချကြောင်း တယ်လီနောက ကြေညာသည်။[3] အဆိုပါ ရောင်းချမှုကို ၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် မြန်မာအာဏာပိုင်များနှင့် မြန်မာရင်းနှီးမြှုပ်နှံမှုကော်မရှင်တို့က ခွင့်ပြုခဲ့သည်။ အစုရှယ်ယာများ လွှဲပြောင်းရောင်းချခြင်းကို ၂၀၂၂ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ပြီးမြောက်ခဲ့ပြီး လုပ်ငန်းအား ပိုင်ရှင်သစ်ထံ လွှဲပြောင်းခဲ့သည်။
၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ရွှေဗျိုင်းဖြူအုပ်စုက တယ်လီနောမြန်မာ၏ ရှယ်ယာ ၈၀% ကို ပိုင်ဆိုင်မည်ဖြစ်ကြောင်း အစီရင်ခံစာတစ်ခုက ဆိုသည်။[4] တယ်လီနောမြန်မာလုပ်ငန်းအား လွှဲပြောင်းရယူရန် ရွှေဗျိုင်းဖြူနှင့် M1 အုပ်စုတို့က ပူးတွဲကုမ္ပဏီ Investcom ကို တည်ထောင်ခဲ့သည်။[5] ရွှေဗျိုင်းဖြူအုပ်စု၏ စစ်တပ်နှင့် ဆက်နွယ်မှု၊ အသုံးပြုသူများ၏ ကိုယ်ရေးအချက်အလက် လုံခြုံမှုများအပေါ် စိုးရိမ်မှုများကြောင့် ဤရောင်းချမှုသည် မြန်မာပြည်သူများ အသိုင်းအဝိုင်းတွင် ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ခဲ့သည်။[5] ဥပဒေရေးရာကျွမ်းကျင်သူများနှင့် တက်ကြွလှုပ်ရှားသူများက သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်နိုင်ရန် တယ်လီနော၏ ရောင်းချမှုကို ရပ်တန့်ထားရန် သို့မဟုတ် ရောင်းချခြင်း မတိုင်မီ အချက်အလက်များ ဖျက်ပစ်ရန် တောင်းဆိုခဲ့ကြသည်။
၂၀၂၂ ခုနှစ် မတ်လ ၁၈ ရက်နေ့တွင် တယ်လီနောမြန်မာအား အမ်ဝမ်းအုပ်စုသို့ ရောင်းချခြင်းကို မြန်မာအာဏာပိုင်များက ခွင့်ပြုချက်ပေးခဲ့ကာ မတ်လ ၂၅ ရက်နေ့တွင် ပိုင်ဆိုင်သူအသစ်သို့ လွှဲပြောင်းပေးခဲ့သည်။ ဇွန်လ ၈ ရက်နေ့တွင် အမည်အား အက်တမ် ဟု ပြောင်းလဲခဲ့သည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.