![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/8/80/Myanmar_Artillery_Corps.svg/langmy-640px-Myanmar_Artillery_Corps.svg.png&w=640&q=50)
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့
အမြောက်တပ်နှင့်ဆက်စပ်သည် / From Wikipedia, the free encyclopedia
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့သည် မြန်မာ့တပ်မတော်၏ စစ်လက်ရုံးတပ်ဖွဲ့တစ်ခုဖြစ်သည်။ “လေကြောင်းရန်ကာကွယ်ရေး” ဟူသည့် တပ်ဖွဲ့၏ အမည်နာမ၌ပင် အဓိကထမ်းဆောင်ရသော တာဝန်မှာ ပေါ်လွင်နေလေသည်။ ဖွဲ့စည်းပုံအရ တပ်မတော်(ကြည်း)၌ ပါဝင်သော်လည်း လုပ်ငန်းတာဝန်ပိုင်း၌ သဘောသဘာဝအရ တပ်မတော်(ရေ)၊ အထူးသဖြင့် တပ်မတော်(လေ)နှင့် ပို၍ဆက်စပ်မှုရှိလေသည်။
ဤ ဆောင်းပါးသည် မည်သည့် ကျမ်းညွှန်း (သို့) အကိုးအကား ကိုမှ ရည်ညွှန်းထားခြင်းမရှိပေ။ |
လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့ | |
---|---|
![]() လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ လက်မောင်းတံဆိပ် (အမြောက်တပ်ဖွဲ့တံဆိပ်နှင့်တူသည်။) | |
သစ္စာခံ | ![]() |
တပ်မတော် အမျိုးအစား | ![]() ![]() |
တပ် အမျိုးအစား | စစ်လက်ရုံးတပ်ဖွဲ့ |
အခန်းကဏ္ဍ | မြန်မာ့ဝေဟင်ပိုက်နက်ကာကွယ်ရေး |
တပ် အရွယ်အစား | ၂၅၀၀၀ (၂၀၁၆) |
အစိတ်အပိုင်း | ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) |
အရာရှိချုပ်ရုံး | လေကြောင်းရန်ကာကွယ်ရေးအရာရှိချုပ်ရုံး၊ စစ်ရုံး၊ နေပြည်တော်။ |
အမည်ပြောင် | လေကာ၊ အေဒီ |
ဆောင်ပုဒ် |
|
အုပ်ချုပ်သူများ | |
တပ်မတော်ကာကွယ်ရေးဦးစီးချုပ် | ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် |
ဒု-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်/ ကာကွယ်ရေးဦးစီးချုပ်(ကြည်း) | ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း |
အရာရှိချုပ် | ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် |
ဒု-အရာရှိချုပ် | ဗိုလ်ချုပ် နေမျိုးဦး |
ထင်ရှားသော အုပ်ချုပ်သူများ |
|
လက်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့၏ အရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင် ဖြစ်ပြီး ဒုတိယအရာရှိချုပ် တာဝန်ထမ်းဆောင်နေသူမှာ ဗိုလ်ချုပ် နေမျိုးဦး (စတသ-၃၄) ဖြစ်သည်။ ထို့နောက် လက်ထောက် အရာရှိချုပ် (၃)ဦးရှိပြီး၊ ကြည်း/ ရေ/ လေ တပ်ဖွဲ့ အသီးသီးမှ ဗိုလ်မှူးချုပ် အဆင့်ရှိသူ တစ်ဦးစီကို ခန့်အပ်ထားသည်။ ကာကွယ်ရေးဝန်ကြီးဌာန၏ ပြည်ထောင်စုဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ဖူးသူ ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်းသည် ယခင်က လေကြောင်းရန်ကာကွယ်ရေး အရာရှိချုပ်အဖြစ် ဩဂုတ် ၂၀၁၅ ထိ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သည်။