![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/66/General_Let_Ya_%2528cropped%2529.jpg/640px-General_Let_Ya_%2528cropped%2529.jpg&w=640&q=50)
ဗိုလ်လက်ျာ
မြန်မာနိုင်ငံရေးသမား၊ ရဲဘော်သုံးကျိပ်အဖွဲ့ဝင်နှင့် ဗိုလ်ချုပ် / From Wikipedia, the free encyclopedia
ဗိုလ်လက်ျာ (ခေါ်) သခင်လှဖေသည် ရဲဘော်သုံးကျိပ်ဝင် တစ်ဦးဖြစ်သည်။ ရဲဘော်သုံးကျိပ် ဂျပန်တို့ထံမှ စစ်ပညာ သင်သောအခါ ဗိုလ်ချုပ်အောင်ဆန်းက ဗမာ့တပ်မတော်အား ဦးဆောင်ရန်အတွက်တာဝန်ပေးရာ ဗိုလ်မှူးချုပ်လက်ျာ သည် စစ်သားကောင်း ဖြစ်ကြောင်း သက်သေ ပြခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးစ မျိုးချစ်ဗမာ့တပ်မတော်မှာ ဗိုလ်လက်ျာ ဒုတိယစစ်သေနာပတိ ဖြစ်လာပြီး ဖတပလဖွဲ့ချိန်မှာလည်း ဗိုလ်မှူးကြီးလက်ျာနဲ့ နေဝင်း တို့ ဦးစီးအဖွဲ့ဝင်တွေအဖြစ် ဗိုလ်ချုပ်အောင်ဆန်းနဲ့အတူ ပါဝင်ခဲ့ကြပါတယ်။ နောက် ဗိုလ်ချုပ်အောင်ဆန်း တပ်ကထွက်ချိန်မှာ ဗိုလ်လက်ျာကို ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိအဖြစ် ဗိုလ်မှူးချုပ် ကေသောမတ်စ်အောက်မှာ ထားခဲ့ပါသည်။ ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံရပြီးနောက် ကာကွယ်ရေး ဝန်ကြီး ဖြစ်လာပြီး လွတ်လပ်ရေးရချိန်မှာတော့ ဒုတိယဝန်ကြီးချုပ်တာဝန်ကိုပါ ဗိုလ်မှူးချုပ် တာဝန်နဲ့အတူ ယူခဲ့ရပါသည်။ မြန်မာပြည် ကာကွယ်ရေးအတွက် လက်ျာ-ဖရီးမင်းစာချုပ်ကိုလည်း လက်မှတ်ထိုးခဲ့သည်။[2]
လက်ျာ | |
---|---|
Let Ya | |
![]() ဗိုလ်လကျာ် ၁၉၅၀ | |
ကာကွယ်ရေးဝန်ကြီး[1] | |
တာဝန်သက်တမ်း ၁ ဩဂုတ် ၁၉၄၇ – ၁၃ စက်တင်ဘာ ၁၉၄၈ | |
ယခင်လူ | အောင်ဆန်း |
ဆက်ခံသူ | ဦးနု |
နိုင်ငံတော်ဒုတိယဝန်ကြီးချုပ် | |
တာဝန်သက်တမ်း ၁၉၄၇ – ၁၉၅၂ | |
ယခင်လူ | အောင်ဆန်း |
ဆက်ခံသူ | ကျော်ငြိမ်း |
ဗမာ့တပ်မတော်၏ စစ်ဦးစီးချုပ် | |
တာဝန်သက်တမ်း ၁၉၄၇ – ၁၉၄၈ | |
ယခင်လူ | အောင်ဆန်း |
ဆက်ခံသူ | စမစ်ဒွန်း |
ကိုယ်ရေး အချက်အလက်များ | |
မွေးဖွား | လှဖေ ၃၀ ဩဂုတ် ၁၉၁၁ ပျဉ်းမနားမြို့၊ ဗြိတိသျှဘားမား |
ကွယ်လွန် | ၂၉ နိုဝင်ဘာ ၁၉၇၈ (၆၇ နှစ်) |
လူမျိုး | ဗမာ |
နိုင်ငံရေးပါတီ | တို့ဗမာအစည်းအရုံး ဖဆပလ ဗမာပြည်ကွန်မြူနစ်ပါတီ ပါလီမန်ဒီမိုကရေစီပါတီ |
ဆုတံဆိပ်များ | လွတ်လပ်ရေးမော်ကွန်းဝင် (ပထမအဆင့်) |
လက်မှတ် | ![]() |
စစ်မှုထမ်းခြင်း | |
နာမည်ပြောင် | Tani Kiyoshi ဗိုလ်လက်ျာ |
သစ္စာခံနိုင်ငံ | ![]() |
တပ်/တပ်ဖွဲ့ခွဲ | ဗမာ့အမျိုးသားတပ်မတော် |
ရာထူး | ဗိုလ်ချုပ် |