![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/0/0e/Itsukushima_Gate.jpg/640px-Itsukushima_Gate.jpg&w=640&q=50)
ရှင်တိုဘာသာ
From Wikipedia, the free encyclopedia
ရှင်တိုဘာသာ (ဂျပန်ဘာသာ: 神道 Shintō) သို့မဟုတ် ကာမီ နို မီချီ (ဂျပန်ဘာသာ: 神の道 Kami-no-michi) သည် ဂျပန်နိုင်ငံ၌ ကိုးကွယ်ကြသော ဘာသာတစ်ခု ဖြစ်သည်။ ရှင်တို ဟူသည့် ဝေါဟာရမှာ ရှန်းတောက် (Shéndào, 神道) ဟူသည့် တရုတ်ဝေါဟာရမှ ဆင်းသက်လာပြီး နတ်ဘုရားတို့၏ လမ်းစဉ်ဟု အဓိပ္ပာယ်ရသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/0/0e/Itsukushima_Gate.jpg/640px-Itsukushima_Gate.jpg)
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/6/65/Shint%C5%8D_prayer.jpg/640px-Shint%C5%8D_prayer.jpg)
ရှင်တိုဘာသာကို စတင်တည်ထောင်ခဲ့သူ လူပုဂ္ဂိုလ် ဟူ၍ မရှိပါ။ ရှင်တိုဘာသာသည် ဂျပန်လူမျိုးတို့၏ ရှေးဟောင်း ဒဏ္ဍာရီများ၊ ယုံကြည်မှုများ၊ အစွဲအလမ်းအယူအဆများ၊ ရှေးအစဉ်အလာ ဓလေ့ထုံးတမ်းများမှ ဖြစ်တည်ပေါ်ပေါက်လာခြင်း ဖြစ်သည်။ သဘာဝတရားကို အခြေခံကာ ဖြစ်တည်ပေါ်ပေါက်လာသော ဘာသာတရားလည်း ဖြစ်ပေသည်။