![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/3/3f/Shwebo_Palace.jpg/640px-Shwebo_Palace.jpg&w=640&q=50)
ရွှေဘုံရတနာ မင်္ဂလာနန်းတော်
From Wikipedia, the free encyclopedia
ရွှေဘုံရတနာ မင်္ဂလာနန်းတော် သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့နယ်၊ ရွှေဘိုမြို့မဈေး၏ အနောက်ဖက်ကပ်လျက်တွင် တည်ရှိသည်။ ကုန်းဘောင်ခေတ် အလောင်းမင်းတရားကြီး ဦးအောင်ဇေယျ စံမြန်းခဲ့ရာ နန်းတော်နေရာဖြစ်သည်။ ကိုလိုနီခေတ်က နန်းတော်နေရာကို ရွှေဘိုအကျဉ်းထောင်အဖြစ် ပြုလုပ်ခဲ့ရာ ၁၉၉၇ ခုနှစ်တွင်မှ နန်းတော်ကို အသစ်ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ နန်းတော်ဝင်းအတွင်းတွင် ဘုံစံတုလွှတ်ကျောက်စာရုံနှင့် အလောင်းမင်းတရားကြီး၏ အုတ်နန်းပြဿဒ်တို့လည်း တည်ရှိသည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/3/3f/Shwebo_Palace.jpg/640px-Shwebo_Palace.jpg)