မြားပစ်အားကစား
မြားပစ်ရာတွင် အသုံးပြုသည့် လေး / From Wikipedia, the free encyclopedia
မြားပစ်အားကစား (Archery Sport)သည် နိုင်ငံတကာ အားကစားပြိုင်ပွဲကြီးများ၌ ဦးစားပေးထည့်သွင်း ကျင်းပသော အားကစားနည်း တစ်ရပ် ဖြစ်သည်။ ကမ္ဘာ့ အိုလံပစ်အားကစားပြိုင်ပွဲ၌ မြားပစ်အားကစား နည်းကို ၁၉ဝဝ ပြည့်နှစ်တွင် စတင်ထည့်သွင်း ကျင်းပခဲ့သည်။ ၁၉ဝ၄၊ ၁၉ဝ၈နှင့် ၁၉၂ဝ အိုလံပစ်ပြိုင်ပွဲတို့၌ လည်း မြားပစ်အားကစား ပါဝင်ခဲ့သည်။ သို့သော် ၁၉၂ဝ နောက်ပိုင်းတွင်မူ မြားပစ်အားကစားနည်းသည် အိုလံပစ်ပြိုင်ပွဲ၌ နှစ်ပေါင်းအတန်ကြာ ပျောက်ကွယ် နေခဲ့သည်။ ၁၉၇၂ခုနှစ်တွင် ဂျာမနီနိုင်ငံ၌ ကျင်းပသော မြူးနစ်အိုလံပစ်မှစ၍ ၂ဝ၁၂ လန်ဒန်အိုလံပစ်အထိ အိုလံပစ်အားကစားပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစား ပါဝင်ခဲ့သည်။ အာရှအားကစားပြိုင်ပွဲ (Asian Games)၌လည်း မြားပစ်အားကစားနည်းကို ၁၉၇၈ ခုနှစ်မှ စတင်ထည့်သွင်းကျင်းပခဲ့သည်။ အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ (Sea Games)၌ ၁၉၇၇ ခုနှစ်တွင် မြားပစ်အားကစားနည်း စတင်ထည့်သွင်းခဲ့သည်။ ယင်းနောက် ၁၉၉၉ ခုနှစ်မှလွဲ၍ ဆီးဂိမ်းစ်ပြိုင်ပွဲ အကြိမ်တိုင်းတွင် မြားပစ်အားကစားနည်း ပါဝင်ခဲ့သည်။