လှိုင်မြစ် (ခေါ်) မြစ်မခမြစ်ကို တစ်နေရာ၌ ရန်ကုန်မြစ် ဟုခေါ်၍ တစ်နေရာ၌ လှိုင်မြစ်ဟု ခေါ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သော ရန်ကုန်မြို့သည် ထိုမြစ်၏ လက်ဝဲဘက်ကမ်းပေါ်တွင် တည်ရှိသည်။ မြစ်မခမြစ်သည် ရန်ကုန်မြို့ အနောက်မြောက်ဘက် မိုင် ၁၅ဝ ခန့်အကွာ ပြည်ခရိုင်အတွင်း အင်းမကန်နှင့် မဝေးလှသော နေရာတွင် မြစ်ဖျားခံသည်။ ထိုနောက် အရှေ့တောင်ဘက် ပြည်၊ သာယာဝတီ၊ အင်းစိန်ခရိုင်တို့၏ ကုန်းနိမ့်ပိုင်း အလယ်ဗဟိုကို ဖြတ်၍ စီးဆင်းသွားသည်။

အချက်တိုများ ရန်ကုန်မြစ် Hlaing River, အခြားအမည်(များ) ...
ရန်ကုန်မြစ်
Hlaing River
Thumb
Yangon River
အခြားအမည်(များ)Hlaing River
နိုင်ငံမြန်မာနိုင်ငံ
မြို့ရန်ကုန်မြို့
အချက်အလက်များ
စီးဝင်ရာနေရာကပ္ပလီပင်လယ်
 m (၀ ft)
စီးဆင်းမှု
ပိတ်ရန်

ရန်ကုန် - ပြည် မီးရထားလမ်းနှင့် ဧရာဝတီမြစ်တို့ကို ခွဲခြားထား၏။ ထိုမြစ်ကို မြောက်ဘက်၌ မြစ်မခဟုခေါ်သည်။ မြစ်မခမြစ်နှင့် ဧရာဝတီမြစ်တို့ကို ရေဝေကုန်းတန်း တစ်ခုက ပိုင်းခြားထားသည်။ မြစ်မခမြစ်သည် သာယာဝတီခရိုင်တွင် အရေးပါသော ရေလမ်းဖြစ်၏။ ထိုမြစ်အတွင်းသို့ အရှေ့ဘက်ရှိ ပဲခူးရိုးမမှ ချောင်းများ စီးဝင်ကြသည်။ ထိုနယ်အတွင်းရှိ သစ်တောများမှ သစ်များကို ထိုမြစ်မှပင် ထုတ်ယူကြသည်။ စံရွေးရွာသည် ထိုနယ်တွင် မြစ်ကမ်းပါးပေါ်ရှိ အရေးအကြီးဆုံးရွာဖြစ်သည်။ ထိုရွာသည် သစ်တောအခွန် ဆိပ်လည်းဖြစ်၏။ ထိုနေရာ၏ တောင်ဘက်တွင် ထိုမြစ်ကိုပင် လှိုင်မြစ်ဟု ခေါ်သည်။ ထိုအပိုင်းရှိ မြစ်အတွင်းတွင် သင်္ဘောငယ်များ ခုတ်မောင်းနိုင်သည်။ ဧရာဝတီမြစ်နှင့် လှိုင်မြစ်တို့ကို ချောင်းအမြောက်အမြားက ဆက်သွယ်ပေးလျက် ရှိကြသည်။ နောက်ဆုံး ရန်ကုန်မြို့၏ အထက်ဖက်တွင် ပန်းလှိုင်မြစ်သည် ထိုမြစ်အတွင်းသို့ စီးဝင်လာ၏။ ထိုသို့ စီးဝင်လာသော နေရာသည် ကြည့်မြင်တိုင် အနောက်ပိုင်း ဆင်ခြေဖုံးနှင့် မျက်နှာချင်းဆိုင်လောက်တွင် တည်ရှိသည်။ ထိုနောက်တွင် ထိုမြစ်ကို ရန်ကုန်မြစ်ဟု ခေါ်သည်။

Thumb
ရန်ကုန်မြစ် (ခေါ်) လှိုင်မြစ်

သင်္ဘောကျင်းများ တည်ရှိရာ ဒလမြို့သည် မြစ်၏ လက်ျာဘက်ကမ်း တွံတေးတူးမြောင်း၏ အဝ အနီးတွင် တည်ရှိသည်။ မြစ်သည် ရန်ကုန်မြစ်၏ အနေက်ဖက်စွန်းကိုထိ၍ အရှေ့ဘက်သို့ အနည်းငယ် စောင်းကာ စီးသွားသည်။ ထိုသို့ စီးသွားရာတွင် ပုဇွန်တောင်ချောင်းနှင့် ပဲခူးမြစ်တို့သည် ရန်ကုန်မြို့၏ အရှေ့ဘက် ဟေ့စတင်းခေါ် ပင်လယ်ကူးသင်္ဘောများ ကျောက်ချရာ သောင်တိမ်၏ အောက်နားတွင် စီးဝင်ကြသည်။ ထိုနောက်တွင် ရန်ကုန်မြစ်သည် အရှေ့တောင်ဘက်သို့ စီးသွားလေသည်။ ပင်လယ်ကူး သင်္ဘောများသည် ရန်ကုန်မြစ်အတွင်းသို့ ရန်ကုန်မြို့အထိသာ ဝင်ရောက်နိုင်ကြသည်ဖြစ်ရာ ၂၁ မိုင် မျှသော ထိုရေလမ်းခရီးကို သင်္ဘောများ ဘေးကင်းစွာ ခုတ်မောင်းနိုင်ရန် ကျွမ်းကျင်သည့် ရေကြောင်းပြများလိုလေသည်။ [1]

ကိုးကား

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.