မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စု
From Wikipedia, the free encyclopedia
မြ-မျက်ရွဲ အုပ်စု(ခေါ်)ဘယ်ရယ် အုပ်စုဝင် တွင်းထွက်နှင့် ကျော်မျက်များဆိုသည်မှာ အခြေခံအားဖြင့် ဘယ်ရယ်လီယံ အလူမီနီယံ ဒြပ်ပေါင်းပေါ်တွင် အခြေခံထားသည့် တွင်းထွက်အုပ်စုတစ်မျိုးကို ဆိုလိုသည်။ ထို ဘယ်ရယ်လီယံ နှင့် အလူမီနီယံတို့ နှစ်ခု၏ ပါဝင်သော အချိုးအစားကြောင့်သော်လည်းကောင်း၊ ပေါင်းစပ်ပါဝင်လာသော အခြားဒြပ်စင်များကြောင့်သော်လည်းကောင်း ကွဲပြားခြားနားသည့် မျိုးစိတ်ကွဲများ ခြားနားသွားခြင်းဖြစ်သည်။ အရောင်ကွဲများစွာရှိပြီး အရောင်ပြောင်းတတ်သည့် ဂုဏ်သတ္တိကြောင့်လည်း ထင်ရှားရသည်။