![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/5/52/Moskvarivermap.png/640px-Moskvarivermap.png&w=640&q=50)
မော်စကိုမြစ်
From Wikipedia, the free encyclopedia
မော်စကိုမြစ်(ရုရှား: река Москва, Москва-река, Moskva-reka)သည် ရုရှားနိုင်ငံ အနောက်ဘက်ပိုင်းတွင် စီးဆင်းနေသော မြစ်တစ်စင်းဖြစ်သည်။ မော်စကိုမြို့အနောက်ဘက် ၁၄၀ ကီလိုမီတာ (၉၀ မိုင်) မှ စီးဆင်းလာခဲ့ပြီး စမားလန့်စ်မြို့နှင့် မော်စကို အော့ဗလတ်ကိုဖြတ်သန်းစီးဆင်းလာခဲ့ပြီး မော်စကိုမြို့လည်ကို ဖြတ်၍စီးဆင်းနေသည်။ မော်စကိုမြို့၏ အရှေ့တောင်ဘက် ၁၁၀ ကီလိုမီတာ (၇၀ မိုင်) အကွာ ကာလိုမနာမြို့တွင် အိုကာမြစ်ထဲသို့ စီးဝင်သည်။ ထိုအိုကာမြစ်သည် ဗော်လ်ဂါမြစ်၏ မြစ်လက်တက်တစ်ခုဖြစ်သဖြင့် ဗော်လ်ဂါမြစ်ထဲသို့ စီးဝင်ကာ အဆုံးတွင် ကက်စပီယံပင်လယ်ထဲသို့ စီးဝင်သည်။
![Thumb image](http://upload.wikimedia.org/wikipedia/commons/thumb/5/52/Moskvarivermap.png/320px-Moskvarivermap.png)