မေခမြစ်

From Wikipedia, the free encyclopedia

မေခမြစ်map

မေခမြစ် သည် မြန်မာနိုင်ငံမြောက်ပိုင်းရှိ မြစ်တစ်စင်း ဖြစ်သည်။

အချက်တိုများ မေခမြစ်, နိုင်ငံ ...
မေခမြစ်
Thumb
Thumb
နိုင်ငံတရုတ်နိုင်ငံမြန်မာနိုင်ငံ
အချက်အလက်များ
မြစ်ဖျားခံရာဟိမဝန္တာ တောင်တန်း
စီးဝင်ရာနေရာမေလိခမြစ်နှင့် ပေါင်းဆုံ
၁၅၀ m (၄၉၀ ft)
25°42′37″N 97°30′10″E
မြစ်ဝှမ်း အချက်အလက်များ
မြစ်စနစ်ဧရာဝတီမြစ်
ပိတ်ရန်

လမ်းကြောင်း

မေခမြစ်သည် မြောက်လတ္တီကျူ့ ၂၈ ဒီဂရီခန့်၊ တိဗက်အရှေ့ပိုင်း ဟိမဝန္တာ တောင်တန်း ရေခဲပြင်များမှ မြစ်ဖျားခံကာ မေလိခမြစ်နှင့် အပြိုင် စီးဆင်းသည်။[1] မေခမြစ်သည် မေလိခမြစ်နှင့် ကချင်ပြည်နယ်အတွင်းတွင် ပေါင်းဆုံပြီး ဧရာဝတီမြစ် ဖြစ်ပေါ်သည်။

မြစ်နှစ်စင်းဆုံရာ မြစ်ဆုံသည် ကချင်လူမျိုးများအတွက် ယဉ်ကျေးမှု အမွေအနှစ်တစ်ခုအဖြစ် အရေးပါသလို မြန်မာနိုင်ငံ၏ အရေးပါသော အမှတ်သင်္ကေတစ်ခုလည်း ဖြစ်သည်။[2] မြစ်ဆုံနေရာတွင် မြစ်ဆုံဆည်ကို တည်ဆောက်ရန် စတင်ခဲ့သည်။

သမိုင်းကြောင်း

ဗြိတိသျှ သစ်တောနှင့် သကုဏဗေဒ ပညာရှင်ဖြစ်သူ Bertram E. Smythies က ၁၉၄၀ ဆယ်စုနှစ်တွင် ယင်းဒေသကို လေ့လာမှုများ ပြုလုပ်ခဲ့သည်။[3] ၂၀၀၂ ခုနှစ်မှ ၂၀၀၆ ခုနှစ်အတွင်းတွင် မြစ်ကြီးနားတက္ကသိုလ်၊ ရုက္ခဗေဒဌာနမှ လက်ထောက်ကထိကဖြစ်သူ ကလျာလု က ရေဝေကုန်းတန်းဒေသရှိ အပင်အမျိုးအစားများနှင့် ပတ်သက်သော စာတမ်းတစ်စောင် ပြုစုခဲ့ရာ ယင်းဒေသတွင် အမြင့် မီတာ ၈၀၀ မှ မီတာ ၄၆၀၀ ကျော်အတွင်း များစွာသော ဂေဟစနစ်များ တည်ရှိနေသလို ကမ္ဘာပေါ်ရှိ တရုတ်-ဟိမဝန္တာ ပန်းမန်အမျိုးအစား အများဆုံးရှိသော ဒေသတစ်ခုလည်း ဖြစ်သည်ဟု ဆိုသည်။[1]

၂၀၀၇ ခုနှစ်တွင် ဧရာဝတီမြစ်၊ မေခနှင့် မေလိခမြစ်များတွင် ဆည်များ တည်ဆောက်ရန်အတွက် မြန်မာအစိုးရသည် တရုတ် လျှပ်စစ်ဓာတ်အား ရင်းနှီးမြှုပ်နှံမှု ကော်ပိုရေးရှင်းနှင့် သဘောတူညီချက်တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့သည်။ မေခမြစ်တွင် ဆည် ငါးခု၊ မေလိခမြစ်တွင် ဆည် ၁ ခုနှင့် မြစ်ဆုံဒေသတွင် ဆည် ၁ ခု တည်ဆောက်ရန် အဆိုပြုခဲ့သည်။ မြစ်ဆုံဒေသရှိ ဆည်မှာ ဆည်ခုနစ်ခုအနက် အကြီးဆုံးဖြစ်ကာ မြစ်ဆုံဒေသကို ပျက်စီးစေနိုင်သည်။[2] တည်ဆောက်ရေးလုပ်ငန်းများကို ၂၀၀၈ ခုနှစ်တွင် စတင်ခဲ့ပြီး[4] ချီဖွေမြို့ရှိ ကန့်ကွက်ဆန္ဒပြသူ ဒေသခံများသည် အစိုးရ၏ နှိမ်နင်းခြင်းကို ခံခဲ့ရသည်။[5]


ကိုးကား

ပြင်ပလင့်ခ်များ

Wikiwand in your browser!

Seamless Wikipedia browsing. On steroids.

Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.

Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.