မူပိုင်ခွင့်
ယခု မူပိုင်ခွင့်ဆိုင်ရာ WIPO အသင်းကြီးတွင် မြန်မာနိုင်ငံက ပါဝင်လက်မှတ်ရေးထိုးထားပြီးဖြစ်သည် / From Wikipedia, the free encyclopedia
မူပိုင်ခွင့်(copyright) သည် ဥပဒေ တစ်ခုဖြစ်ပြီး ၎င်းသည် ဂီတ၊ စာအုပ် စာပေ၊ အချက်အလက်၊ ရုပ်ပုံ များနှင့် အခြားအခြား သော ကိုယ်တိုင် ဖန်တီးရယူမှုများအား ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်သည်။ ၎င်းက မည်သူသည် ထိုအရာအား အမှန်တကယ် ဖန်တီးသည် ဟု မှန်ကန်စွာ ဆုံးဖြတ်ပေးသည်။ မူပိုင်ခွင့် ဥပဒေသည် ဖန်တီးသူအတွက် ၎င်း၏ ဖန်တီးထားသော အလုပ်များအား ရောင်းချခြင်းဖြင့် ငွေကို လုပ်ယူပေးနိုင်ရန် လွယ်ကူစေသည်။ ထို့ပြင် ပိုင်ရှင်မှ ခွင့်ပြုချက်ရှိမှသာလျှင် ၎င်း၏ လက်ရာကို ကူးယူနိုင် သည် သို့မဟုတ် တုပပြုလုပ်နိုင်လေသည်။ လူတစ်ဦးသည် မူပိုင်ခွင့် ဥပဒေဖြင့် ကာကွယ်ထားသော လက်ရာတစ်ခုအား ပိုင်ရှင်မသိအောင် တုပပြုလုပ်လျှင် ၎င်းပုဂ္ဂိုလ်အား ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့သော ဥပဒေဖြင့် ဆုံးမနိုင်သည်။ အခြား အရေးကြီးသည့် ပြဿနာများတွင် လူပုဂ္ဂိုလ်သည် မူပိုင်ခွင့်ဖြင့် ကာကွယ်ထားသည့် လက်ရာအား ကူးယူပြုလျှင် ဖမ်းဆီးခြင်း ခံရ၍ ထောင်ဒဏ်ပင် ကျရောက်နိုင်သည်။
ဤဆောင်းပါးကို ဝီကီစံနှင့် ကိုက်ညီစေရန် ပြင်ဆင်တည်းဖြတ်ရန် လိုအပ်နေသည်။ အကယ်၍သင်ပြင်ဆင်နိုင်ပါက ဤဆောင်းပါးအား တိုးတက်စေရန် ကျေးဇူးပြု၍ ပြင်ဆင်ပေးပါ။ ဆွေးနွေးချက် စာမျက်နှာတွင် အကြံပေးမှုများ ပါဝင်လိမ့်မည်။ |
လက်ရာတစ်ခုအား မူလ ဖန်တီးသူသည် အလိုအလျှောက် မူပိုင်ခွင့်ရှိ၍ ၎င်းပုဂ္ဂိုလ်မှ အခြားသူအား မူပိုင်ခွင့် တရာဝင် ပေးခြင်း မရှိသ၍ ၎င်းသည်သာလျှင် မူပိုင်ရှင်အဖြစ် လက်ခံကြသည်မှာ နိုင်ငံအတော်များများတွင် ဖြစ်သည်။
နိုင်ငံအတော်များများတွင်မူ မူပိုင်ခွင့် အတွက် မှတ်ပုံတင်ပြုလုပ်ရန် မလိုအပ်ချေ။ အချို့နိုင်ငံများတွင် မူပိုင်ခွင့် မှတ်ပုံတင်ရန် နည်းနာများပင် မရှိချေ။ သို့သော် နိုင်ငံအတွင်း မှတ်ပုံတင်ရန်အတွက် အခြေအနေပေးသော်လည်း မှတ်ပုံတင်ခြင်း မရှိသည်မှာ လက်ရာတစ်ခု၏ မူပိုင်ခွင့်ကို မည်သူသည်သာ ပိုင်ဆိုင်သည် ဟူသည့် သက်သေပြရန်အတွက် ခက်ခဲစေနိုင်သည်။ ထို့ကြောင့် မည်သို့ပင် မှတ်ပုံတင်စေ၊ ၎င်းသည် အလွန်ကောင်းသော စိတ်ကူး တစ်ခုဖြစ်မည်။ အထူးသဖြင့် ပိုက်ဆံ ရနိုင်သောအလုပ်များအတွက်ကား ပို၍ပင် ဖြစ်သည်။