![cover image](https://wikiwandv2-19431.kxcdn.com/_next/image?url=https://upload.wikimedia.org/wikipedia/commons/thumb/6/6f/Beethoven.jpg/640px-Beethoven.jpg&w=640&q=50)
ဘီသိုဗင်
၁၈- ၁၉ ရာစု ဂျာမန်တေးရေးဆရာ / From Wikipedia, the free encyclopedia
ဂျာမန်လူမျိုး ထိပ်တန်းဂီတစာဆိုကျော်ကြီး တစ်ဦးဖြစ်သူ လု(ဒ်)ဝစ် ဗန် ဘီသိုဗင် (အင်္ဂလိပ်: Ludwig van Beethoven; /ˈlʊdvɪɡ væn ˈbeɪˌtoʊvən/ ( နားဆင်); ဂျာမန်: [ˈluːtvɪç fan ˈbeːtˌhoˑfn̩] (
နားဆင်); ၁၇၇၀-၁၈၂၇) အား အကြီးမားဆုံး တေးပြုဂီတစာဆိုပုဂ္ဂိုလ်ကြီးအဖြစ် သတ်မှတ်ခေါ်တွင်ခဲ့ ကြရပေမည်။
အချက်တိုများ လု(ဒ်)ဝစ် ဗန် ဘီသိုဗင်, မွေးဖွား ...
လု(ဒ်)ဝစ် ဗန် ဘီသိုဗင် | |
---|---|
![]() ဂျိုးဆက်စတိီလာ၏ လက်ရာ ဘီသိုဗင် ပုံတူပန်းချီကား (၁၈၂၀) | |
မွေးဖွား | ၁၇ ဒီဇင်ဘာ ၁၇၇၀ မတိုင်မီ ဘွန်းမြို့၊ ဂျာမနီနိုင်ငံ |
ကွယ်လွန် | ၂၆ မတ်လ ၁၈၂၇ (၅၆ နှစ်) ဗီယင်နာမြို့၊ ဩစတြီးယားနိုင်ငံ |
အလုပ်အကိုင် | တေးရေးဆရာ၊ စန္ဒရားတီးခတ်သူ |
ခေတ် | ကလက်ဆီကယ်ခေတ်၊ ရိုမန်တစ်ခေတ် |
မိဘများ |
|
ဆွေမျိုးသားချင်း | ကက်စပါ အန်တွန် ကာလ် ဗန် ဘီသိုဗင် (ညီ) နီကိုလောက်စ် ယိုဟန် ဗန် ဘီသိုဗင် (ညီ) |
လက်မှတ် | |
![]() |
ပိတ်ရန်
ဘီသိုဗင် (ဗေထော်ဗင်) ကို ဂျာမနီနိုင်ငံ၊ ဘွန်းမြို့ တွင်မွေးဖွားသည်။ ဂီတဆရာကြီးမိုးဇတ် ထံတွင်လည်းကောင်း၊ နောင်တွင် ယိုးဆက်ဖ် ဟိုင်ဒင်ထံတွင်လည်းကောင်း ဂီတပညာဆည်းပူးသည်။ Moonlight Sonata, The Emperor Concerto တို့ အပါအဝင် လက်ရာမြောက်တေးဂီတများစွာကြောင့် နာမည်ထင်ရှားခဲ့သည်။ သူ၏ကျော်ကြားလှသော နဝမမြောက် ဆင်ဖိုနီသည် သံစုံတီးဝိုင်းလောကတွင် ပထမဆုံးသံပြိုင်တေး စတင်ထည့်ရေးခဲ့သော ဆင်ဖိုနီမျိုးပင်ဖြစ်သည်။။