ဗြိတိသျှတော်ဝင်မိသားစု
From Wikipedia, the free encyclopedia
ဗြိတိသျှတော်ဝင်မိသားစုတွင် အကြီးအကဲမှာ တတိယမြောက်ချားစ်ဘုရင်ဖြစ်သည်။မျိုးရိုးနာမည်(last name)မှာ Windsor (ဝင်ဆာ)ဖြစ်သည်။ဒုတိယအဲလစ်ဇဘက်ဘုရင်မကြီးနန်းတက်ပြီးေနာက်ပိုင်းတွင် ကြင်ယာတော်ဖိလစ်မင်းသားကြီး၏မျိုးရိုးနာမည်ေမာင့်ဘက်တန် (Mountbatten)ကိုပါပေါင်းထည့်ခဲ့သဖြင့်ဗြိတိသျှမင်းမျိုးတို့၏Last Nameမှာ မောင့်ဘက်တန်-ဝင်ဆာ(Mountbatten-Windsor )ဖြစ်လာခဲ့သည်။ဗြိတိန်တွင်သားအကြီးဆုံးဖြစ်သူနန်းလျာမင်းသားအား ဝေလမင်းသားဟုခေါ်ဆိုလေ့ရှိကြသည်။၎င်းဝေလမင်းသားနှင့်ဝေလမင်းသမီးတို့သည်ဘုရင်နှင့်ဘုရင်မပြီးလျှင်ရာထူးအကြီးဆုံးဖြစ်ကြသည်။ဗြိတိန်မင်းသမီးတို့တွင် ဘုရင်၊ဘုရင်မ၏သမီးတော်အကြီးဆုံးဖြစ်သူမှာ တော်ဝင်မင်းသမီး(Princess Royal)ဘွဲ့ခံယူရ၍ဝေလမင်းသမီးပြီးလျှင်ရာထူးအကြီးဆုံးဟုဆိုနိုင်သည်။ဗြိတိန်တော်ဝင်မိသားစုဝင်များသည်မြို့စား၊နယ်စားအနေဖြင့်ချီးမြှင့်ခံရလေ့ရှိသည်။ထို့ကြောင့်မြို့စား၊နယ်စားအများစုသည်တော်ဝင်မိသားစုဝင်များဖြစ်ကြသည်ကိုတွေ့နိုင်သည်။ဗြိတိန်တော်ဝင်အစဉ်အလာအရ ဒုတိယမြောက်သားအား ယော့ခ်မြို့စား(Duke of York)အရာပေးလေ့ရှိသည်။သားအကြီးဆုံးမှာဝေလမင်းသားအပြင် Cornwallနှင့် Rothesay မြို့တို့၏မြို့စားအရာပါချီးမြှင့်ခြင်းခံရသည်။ ဗြိတိန်တော်ဝင်အဆင့်အတန်းများ-
- ဘုရင် ၊ ဘုရင်မ
- အိမ်ရှေ့မင်းသား(ဝေလမင်းသား)၊အိမ်ရှေ့မင်းသမီး(ဝေလမင်းသမီး)
- မင်းသား ၊ မင်းသမီး
- မြို့စား ၊ မြို့စားကတော်
- နယ်စား ၊ နယ်စားကတော်
- လော့ဒ် ၊ လေဒီ တို့ဖြစ်သည်။