ဝီကီပီးဒီးယားစာရင်းဆောင်းပါး From Wikipedia, the free encyclopedia
မြန်မာနိုင်ငံ တွင် နိုင်ငံတော် အစိုးရမှ အသိအမှတ်ပြုထားသော တိုင်းရင်းသား မျိုးနွယ်စု ၁၃၅ မျိုးရှိသည်။ ယင်းတို့ကို အဓိကလူမျိုးစုကြီး ရှစ်ခုအဖြစ် အောက်ပါအတိုင်း အုပ်စုခွဲထားသည်။[1]
ဤ ဆောင်းပါး သို့မဟုတ် အပိုင်းသည် ချဲ့ကားရေးသားနေဆဲ သို့မဟုတ် အကြီးစား ပြန်လည်တည်းဖြတ်နေဆဲဖြစ်ပြီး သင်လည်း ပါဝင်ကူညီ ရေးသားနိုင်သည်။ အကယ်၍ ဤဆောင်းပါး သို့မဟုတ် အပိုင်းသည် ရက်အနည်းငယ်ကြာသည်အထိ ပြင်ဆင်ခြင်းမရှိပါက ဤတမ်းပလိတ်ကို ကျေးဇူးပြု၍ ဖယ်ရှားလိုက်ပါ။ အကယ်၍ သင်သည် ဤတမ်းပလိတ်ကို ထည့်သွင်းသူ ဖြစ်ပြီး တည်းဖြတ်နေဆဲဖြစ်ပါက တည်းဖြတ်မှု တစ်ခုနှင့် တစ်ခုအကြားတွင် ကျေးဇူးပြု၍ ဤတမ်းပလိတ်အား {{in use}} ဖြင့် အစားထိုးပါ။
ဤ ဆောင်းပါး အား Ninjastrikers (ဆွေးနွေး | ပံ့ပိုး) မှ ၃ စက္ကန့် အကြာက နောက်ဆုံးပြင်ဆင်ခဲ့သည်။ (ရှင်းသန့်ရန်) |
၁၉၉၀ ပြည့်နှစ်၊ စက်တင်ဘာလ ၂၆ ရက်နေ့ထုတ် လုပ်သားပြည်သူ နေ့စဉ်သတင်းစာတွင် ယင်းလူမျိုးစုစာရင်းများမှာ ၁၉၃၁ ခုနှစ်တွင် ပြုစုခဲ့သော သန်းခေါင်စာရင်းအရ လူမျိုးစုစာရင်းအခြေခံ၍ လည်းကောင်း၊ ၁၉၅၃-၁၉၅၄ ခုနှစ် လူမျိုးစုစာရင်းအရလည်းကောင်း၊ ၁၉၆၀ ပြည့်နှစ်တွင် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ရှေးဟောင်းစာပေနှင့်ယဉ်ကျေးမှုရုံး၏ အကြံပြုချက်နှင့် ယင်းနှစ်တွင် မြန်မာနိုင်ငံသမိုင်းကော်မရှင်၏ အကြံပေးချက်အရလည်းကောင်း၊ ၁၉၇၂ ခုနှစ် မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ ဗဟိုကော်မတီဌာနချုပ် တိုင်းရင်းသားလူမျိုးစုရေးရာကော်မတီ၏ ညှိနှိုင်းပေးချက်အရ လည်းကောင်း လူမျိုးစုစာရင်းများကို အချိန်ယူပြုစုခဲ့ကြပြီး ၁၉၈၃ ခုနှစ် သန်းခေါင်စာရင်းတွင် အသုံးပြုခဲ့ကြောင်း ဖော်ပြထားသည်။[1]
"အဓိကလူမျိုးစုကြီးများ" ကို ပြောဆိုကြသော ဘာသာစကား သို့မဟုတ် တိုင်းရင်းသားနှီးနွယ်မှုများထက် နေထိုင်ရာဒေသအလိုက် အုပ်စုခွဲထားခြင်း ဖြစ်သည်။ ဥပမာ ရှမ်းလူမျိုးစုကြီးတွင် မတူညီသော ဘာသာစကားအုပ်စု လေးခုရှိ ဘာသာစကားများကို ပြောဆိုသုံးနှုန်းကြသော တိုင်းရင်းသား ၃၃ မျိုးပါဝင်သည်။[3]
ထို့အပြင် အသိအမှတ် မပြုထားသော အခြား လူမျိုးစုများလည်း ရှိနေပြီး အများဆုံးမှာ တရုတ်ဗမာလူမျိုးများနှင့် ပန်းသေးလူမျိုးများ (ယင်းနှစ်စုသည် လူဦးရေ၏ ၃%)၊ အိန္ဒိယဗမာနွယ်များ (လူဦးရေ၏ ၂%)၊ အင်္ဂလိပ်-ဗမာနွယ်များနှင့် ဂေါ်ရခါးလူမျိုးများ ဖြစ်ကြသည်။ နောက်ဆုံးအုပ်စုနှစ်ခုအတွက် တိကျသော တရားဝင်စာရင်းထုတ်ပြန်ချက် မရှိသော်လည်း အင်္ဂလိပ်-ဗမာနွယ်များသည် မြန်မာနိုင်ငံတွင်းတွင် ၅၂,၀၀၀ ခန့်နှင့် နိုင်ငံပြင်ပတွင် ၁.၆ သန်းခန့် ရှိမည်ဟု ခန့်မှန်းထားသည်။
အောက်ပါတို့သည် မြန်မာနိုင်ငံ အစိုးရမှ တရားဝင် အသိအမှတ်ပြုထားသော မြန်မာနိုင်ငံ၏ တိုင်းရင်းသား မျိုးနွယ်စုများ ဖြစ်သည်။[1][4][5]
မြန်မာအစိုးရ၏ တရားဝင်အသိအမှတ်ပြုထားသော တိုင်းရင်းသားမျိုးနွယ်စု ၁၃၅ မျိုးတွင် မပါဝင်သော အစိုးရမှ အသိအမှတ်မပြုထားသည့် မျိုးနွယ်စုများလည်း ရှိသေးသည်။
Seamless Wikipedia browsing. On steroids.
Every time you click a link to Wikipedia, Wiktionary or Wikiquote in your browser's search results, it will show the modern Wikiwand interface.
Wikiwand extension is a five stars, simple, with minimum permission required to keep your browsing private, safe and transparent.