ပါရဂူ (စာရေးဆရာ)
From Wikipedia, the free encyclopedia
အမည်ရင်း ဦးလှကြိုင်ဖြစ်ပြီးဇာတိမှာ ဟင်္သာတခရိုင် သနွံသနော့ရွာဖြစ်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင်က ဘုန်းကြီးကျောင်းတွင် ပညာသင်ကြားခဲ့ပြီး စစ်အပြီးတွင် ဟိန္ဒူတက္ကသိုလ်၌ ပညာသင်သည်။ စစ်မဖြစ်မီကာလကစ၍ တိုးတက်ရေးနှင့် ဒဂုန်မဂ္ဂဇင်း တွင် စာရေးသည်။ ၁၉၅၆ ခုနှစ် အိန္ဒိယပြည် နယူးဒေလီမြို့၊ အာရှစာရေးဆရာများညီလာခံ အတွင်းရေးမှူးများအဖွဲ့၏ မြန်မာနိုင်ငံ ကိုယ်စားလှယ်၊ မြန်မာပြည် တဂိုးအသင်း၏ အမှုဆောင်၊ မြန်မာပြည် ဟိန္ဒူစာပေအသင်း၏ ဒုဥက္ကဋ္ဌ၊ မြန်မာစာအဖွဲ့ အဖွဲ့ဝင်၊ ပြည်ထောင်စု ဆိုရှယ်လစ် သမ္မတမြန်မာနိုင်ငံ ပညာရေးဝန်ကြီးဌာန တက္ကသိုလ်များ၏ အရှေ့တိုင်းစာပေတွင် လူကြီးတာဝန်များ ထမ်းဆောင်ခဲ့သည်။
အချက်တိုများ ပါရဂူ, အမည်ရင်း ...
ပါရဂူ | |
---|---|
အမည်ရင်း | ဦးလှကြိုင် |
မွေးဖွား | ၁ဝ၊ ၁၁၊ ၁၉၂၁ သနွံသနော့ ကျေးရွာ (ဟင်္သာတခရိုင်) |
ကွယ်လွန် | ၂၀၁၁ခုနှစ်၊ ဧပြီလ၊ ၉ရက်နေ့ ရန်ကုန် |
ကလောင်အမည် | ဝိဇ္ဇာ၊ လှကြိုင်၊ ပုဏ္ဍရိက |
အလုပ်အကိုင် | စာရေးဆရာ |
လူမျိုး | ဗမာ |
နိုင်ငံသား | မြန်မာ |
ပညာရေး | ဟိန္ဒူတက္ကသိုလ် |
ရရှိသည့်ဆုများ | အနုပညာစာပေဆု (ဘာသာပြန်ပထမဆု)၊ စာပေရွှေတံဆိပ်ဆု၊ အမျိုးသားစာပေဆု (ဘာသာပြန်ရသဆု)၊ အမျိုးသားစာပေ တစ်သက်တာဆု |
မိဘ | ဦးဘစော + ဒေါ်မေတုတ် |
ကိုးကွယ်မှု | ဗုဒ္ဓဘာသာ |
လက်မှတ် |
ပိတ်ရန်